DVB Logo
Home
မြန်မာသတင်း
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
DVB
·
June 3, 2019
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
1 / 21
Donate to DVB

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မြန်မာတနိုင်ငံလုံးက အခြေခံပညာ စာသင်ကျောင်းတွေကို ဒီကနေ့ ဇွန်လ ၃ ရက်မနက်မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားခွင့်ရရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနကနေ အခမဲ့ပညာရေးစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။

ဒီပညာသင်နှစ်မှာတော့ မူလတန်းအဆင့်မှာ Grade(3) နဲ့ အလယ်တန်းအဆင့်မှာ Grade(6)ကို သင်ရိုးသစ်နဲ့ စတင်သင်ကြားသွားမှာဖြစ်ပါတယ်။

အခုနှစ်မှာ အသက် ၅နှစ်ပြည့်တဲ့ ကလေးငယ်တိုင်း KGတန်းကိုတက်ရောက် သင်ကြားရမှာဖြစ်ပြီး အသက် ၆နှစ် ပြည့်တဲ့ကလေးငယ်တွေကတော့ Grade(1)အတန်းကို တက်ရောက်ရမှာဖြစ်ပါတယ်။

ဒီနှစ် ပညာသင်နှစ်မှာတော့ တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာစာသင်ကျောင်းတွေကို ဇွန်လကနေစတင်ပြီး လာမယ့်နှစ် မတ်လကုန်အထိ ကျောင်းတက်ရမယ်လို့ ပညာရေးဝန်ကြီးဌာန က ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013