DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့စက်ဘီးစီးနေ့အထိမ်းအမှတ် မြိတ်နှင့် ပြည်မြို့တို့တွင် စုပေါင်းစက်ဘီးစီး (ဓာတ်ပုံ)
DVB
·
June 3, 2019
ကမ္ဘာ့စက်ဘီးစီးနေ့အထိမ်းအမှတ် မြိတ်နှင့် ပြည်မြို့တို့တွင် စုပေါင်းစက်ဘီးစီး (ဓာတ်ပုံ)
1 / 12
Donate to DVB

ကမ္ဘာ့စက်ဘီးစီးနင်းနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ  စက်ဘီးစီးဝါသနာပါသူ ၁၀၀ ကျော်က ဒီကနေ့ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဇွန်လ ၃ ရက်မှာကျရောက်တဲ့ World Bike Day ကို ဂုဏ်ပြုတဲ့အနေနဲ့ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြိတ်စက်ဘီးအသင်း (MABC)တို့ ပူးပေါင်းပြီး ဒုတိယအကြိမ် အမှတ်စက်ဘီးနင်းပွဲကို ကျင်းပခဲ့တာပါ။

မြိတ်စက်ဘီးအသင်း ဒုဥက္ကဋ္ဌ ဦးဇော်ဝမ်းက "ကမ္ဘာ့စက်ဘီးစီးနေ့ကို ကျနော်တို့ မြိတ်မြို့က စက်ဘီးစီးဝါသနာရှင်တွေနဲ့ ပူးပေါင်းပြီး ဂုဏ်ပြုတဲ့အနေနဲ့ ဒုတိယအကြိမ် ဒီစက်ဘီးနင်းပွဲကို ကျင်းပတယ်။ အခုဆိုရင် မြိတ်မြို့မှာစက်ဘီးစီးဝါသနာရှင်တွေ အရင်ကထက်များပြားလာတယ်။ ကျန်းမာရေးအတွက် အသက်ကြီးပိုင်းတွေစက်ဘီးနင်းကြသလို မျိုးဆက်သစ်လူငယ်တွေလည်း အားကစားတရပ်အနေနဲ့ ကျနော်တို့ (MABC)အဖွဲ့နဲ့ ပူးပေါင်းပြီးစက်ဘီးနင်းကြတော့ ဝမ်းမြောက်ဂုဏ်ယူမိတယ်။ မျိုးဆက်သစ်ကျောင်းသားလေးတွေ ပူးပါင်းလာတာ ပိုပြီး ဝမ်းမြောက်မိတယ်။ ခုခေတ်လူငယ်သဘာဝ အားကစားတခုခုကို စိတ်မဝင်စားရင် စိတ်လေပြီး လမ်းမှားရောက်မှာကို စိုးရိမ်တယ်"လို့ ပြောပါတယ်။

မြို့ခံရာနဲ့ချီတဲ့စက်ဘီးစီး ဝါသနာရှင်တွေက မြို့မအားကစားကွင်းရှေ့ကနေ တာထွက်ပြီး ဗဟိုလမ်းကတဆင့် ထားဝယ်စုမီးသတ်လမ်း၊ ဘုရားကြီးလမ်း၊ တပ်ပြင်လမ်း၊အောက်ရေပုန်းလမ်း၊ နတ်စင်လမ်း၊ လေယာဉ်ကွင်းလမ်းအတိုင်းစီးနင်းပြီး ကားကြီးဝင်းကတဆင့် ရွှေပြည်တန်လမ်း၊ တိုးချဲ့ဈေးလမ်း၊မြတ်လေးလမ်း၊ မြို့သစ်တံတားဦးလမ်း၊ နောက်လယ် (၁)လမ်းက တဆင့် ကမ်းနားလမ်းအတိုင်း စီးနင်းပြီး ကမ်းနားသဲကွင်း Sea View Condo အနီးမှာ ပန်းဝင်ခဲ့ပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာလည်း လူတိုင်းကျန်းမာစေဖို့နဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကင်းဝေးစေဖို့ရည်ရွယ်ပြီး ပြည်မြို့က လူငယ် ၂၀၀ လောက် စုပေါင်းကာ ကမ္ဘာ့ စက်ဘီးစီးနေ့မှာ စက်ဘီးစီးခဲ့ကြပါတယ်။

ကမ္ဘာ့စက်ဘီးစီးနေ့ ဂုဏ်ပြုတဲ့အထိမ်းအမှတ်အဖြစ် ကမ္ဘာနိုင်ငံအသီးသီးမှာ စုပေါင်း စက်ဘီးစီးပွဲတွေကို ကျင်းပခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း စက်ဘီး အသင်းဖွဲ့စည်းထားတဲ့မြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။

သတင်း/ ဓာတ်ပုံ-  မြတ်ထွဋ် (မြိတ်)/  မင်းညို

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013