DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် အေအေအဖွဲ့ အခြေစိုက်ခြင်း လုံးဝလက်မခံဟု တပ်မတော်ပြော
DVB
·
June 3, 2019
ရခိုင်တွင် အေအေအဖွဲ့ အခြေစိုက်ခြင်း လုံးဝလက်မခံဟု တပ်မတော်ပြော
Donate to DVB

ရက္ခိုင့်တပ်မတော် (အေအေ) တောင်းဆိုတဲ့ ကွန်ဖက်ဒရေးရှင်းနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက်တာကို လုံးဝလက်မခံဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာ ဇွန်လ ၂ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက “နံပါတ် ၁ သူတို့ပြောတဲ့  ကွန်ဖက်ဒရေးရှင်း၊ ဒီကိစ္စကို ကျနော်တို့ လုံးဝလက်မခံပါဘူး။ နောက်တခုက ရခိုင်ဒေသမှာ အေအေ အခြေခံတာကို လုံးဝ လက်မခံပါဘူး၊ ဒါကတော့ တပ်မတော်ရဲ့ သဘောထားဖြစ်ပါတယ်။”

တပ်မတော်အနေနဲ့ လက်ရှိမှာ တည်ငြိမ်မှုစစ်ဆင်ရေးတွေ ဆောင်ရွက်နေပြီး လုံခြုံစိတ်ချရတဲ့အခြေအနေနဲ့ ပြန်လည်တည်ဆောက်ပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၃၀၀၀၀ ကျော် တိမ်းရှောင်နေရပါတယ်။

မနေ့ကလည်း မင်းပြားမြို့နယ် ​ရွှေတမာ​ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ရ ကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013