DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ဝန်ကြီး ၂ ဦး ကိုယ်ကျိုးအတွက် သြဇာအာဏာ အသုံးချဟု ဝန်ကြီးဟောင်း ပြော
DVB
·
June 3, 2019
ကရင်ပြည်နယ်ဝန်ကြီး ၂ ဦး ကိုယ်ကျိုးအတွက် သြဇာအာဏာ အသုံးချဟု ဝန်ကြီးဟောင်း ပြော
Donate to DVB

ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦးက သြဇာအာဏာကို အသုံးချပြီး ပြည်နယ်အစိုးရရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ ချေးယူထားသလို မြေယာလုပ်ပိုင်ခွင့်တွေ လျှောက်ထား ရယူထားတယ်လို့ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးတေဇထွဋ်လှိုင်ထွေးက သတင်းမီဒီယာတွေကို ပြောပါတယ်။

လက်ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ဟာ ဝန်ကြီးတဦးရသင့်တဲ့ မော်တော်ယာဉ် အဆောင်အယောင်အပြင် မိသားစု ကိုယ်ကျိုးအတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကနေ သိန်း ၁၀၀၀ ကို ၁ ကျပ်တိုးနဲ့ ချေးယူထားတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးကတော့ မိသားစု ကိုယ်ကျိုးအတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကနေ သိန်း ၃၀၀ ချေးထားတဲ့အပြင် ဘားအံမြို့နယ် အထက်ကော့ရင်းမှာ မြေ ၆ ဒသမ ၅၉ ဧက၊ တောင်သူကုန်းမှာ မြေ ၃ ဒသမ ၅ ဧကနဲ့ ဖာပွန်မြို့နယ်မှာ မြေ ၆ ဧကကျော်ကို အမည်ပေါက် လျှောက်ထားရယူခဲ့တာတွေနဲ့ ပတ်သက်ပြီး အထောက်အထားတွေ ရှိတယ်လို့ သတင်းမီဒီယာတွေကို ပြောပါတယ်။

ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးတေဇထွဋ်လှိုင်ထွေးက “ကျနော် လက်ရှိ တာဝန်ထမ်းဆောင်နေစဉ် ကာလအတောအတွင်းမှာ ဝန်ကြီးတယောက်ရဲ့ သြဇာအာဏာကို အသုံးချထားတာကို အသိပေးခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က “လုပ်ငန်းကိစ္စတွေကို ကြီးကြပ်ရတာပဲ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ကို စာရင်းစစ်ခံဖို့ ပေးပြီးဖြစ်တဲ့အတွက်ကြောင့် ရှင်းလင်းထားပြီး ဖြစ်တဲ့အတွက် ကျနော် အလွတ်ကြီးဖြစ်တယ်။ ဘာမှ မပတ်သက်ဘူး” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက “ချေးခဲ့တယ်။ ပြန်ဆပ်တာလည်း ကြာပါပြီ။ ပြည်သူပြည်သားတယောက်အနေနဲ့ ချေးခဲ့တာ။ ဝန်ကြီးအနေနဲ့ ချေးတာမဟုတ်ဘူး။ လျှောက်လွှာတင်ရတယ်။ ဝန်ကြီးချုပ်က ခွင့်ပြုတယ်ဆိုမှ ချေးရတာ” လို့ ပြောပါတယ်။

ဝန်ကြီးဟောင်း ဦးတေဇထွဋ်လှိုင်ထွေးကို နိုင်ငံတော်သမ္မတက မေ ၂၃ ရက်နေ့က ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ရာထူးကနေ နုတ်ထွက်ခွင့် ပြုခဲ့ပါတယ်။

လစ်လပ်ဝန်ကြီးနှစ်ဦး ရာထူးနေရာအနက် ပြည်နယ် လူမှုရေးဝန်ကြီးနေရာကို အမြန်ဆုံး အစားထိုးခန့်အပ်ဖို့ ဆောင်ရွက်နေကြောင်းနဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး အစားထိုး ခန့်အပ်နိုင်ဖို့ ပြည်နယ်လွှတ်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013