DVB Logo
Home
မြန်မာသတင်း
သုံးဘီးယာဉ် ဆန္ဒဖော်ထုတ်မှု ခွင့်ပြုမိန့်မရသဖြင့် ဆိုင်းငံ့
DVB
·
November 14, 2012
သုံးဘီးယာဉ် ဆန္ဒဖော်ထုတ်မှု ခွင့်ပြုမိန့်မရသဖြင့် ဆိုင်းငံ့
Donate to DVB

မကွေးမြို့က လုပ်ငန်းလိုင်စင်မဲ့  အိမ်သုံး သုံးဘီးယာဉ်တွေ ၀င်ရောက်ပြေးဆွဲနေတာတွေကို စည်းကမ်းနဲ့အညီ ထိန်းသိမ်းပေးဖို့ ဆန္ဒဖော်ထုတ်ခွင့် တင်ထားတာ ခွင့်ပြုမိန့်မပေးဘဲ ဆိုင်းငံ့ခံထားရပါတယ်။

လုပ်ငန်းလိုင်စင်ရှိ သုံးဘီးပိုင်ရှင်တွေနဲ့ သုံးဘီးမောင်းသူပေါင်း ၈၀ ကျော် လက်မှတ် ရေးထိုးပြီး နိုဝင်ဘာ ၆ ရက်နေ့က မကွေးမြို့နယ်ရဲစခန်းမှာ  ဆန္ဒဖော်ထုတ်ခွင့် တင်ခဲ့တာကို ခွင့်ပြုမိန့်မပေးခဲ့တာပါ။

သုံးဘီးယာဉ်ပိုင်ရှင်တဦးက “မကွေးမြို့နယ်မှူး ဦးတင်မျိုးအောင်ကနေပြီးတော့ လိုအပ်တဲ့ အချက်လေး ၂ ချက်လောက်နဲ့တော့ ဆန္ဒထုတ်ဖော်ဖို့ မလုပ်ပါနဲ့လို့ ကျနော်တို့ကို ပြောပါတယ်။ ကျနော်တို့ရဲ့ လိုအပ်ချက်တွေကိုလည်း သူ့အနေနဲ့ ဖြည့်ဆည်းပေးပါမယ်။ လိုအပ်ချက်တွေကိုလည်း ဆောင်ရွက်ပေးပါမယ်ဆိုလို့ ကျနော်တို့က ဒီအချိန်အတွင်းမှာ ဆိုင်းငံ့ထားခြင်းဖြစ်ပါတယ်။”

မြို့နယ်ရဲစခန်းမှူး ဦးတင်မျိုးအောင်က သုံးဘီးယာဉ်တွေဟာ  မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး လက်အောက်ခံ ဖြစ်တဲ့အတွက် အဲဒီကို အရင်သွားရောက်ညှိနှိုင်းဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

“ဦးတင်မျိုးအောင်က လုပ်ရမယ့် လုပ်ငန်းအားလုံးကို ကျနော်တို့ သုံးဘီးယာဉ်က မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး လက်အောက်ခံ ဖြစ်တဲ့အတွက် မထသ ဥက္ကဋ္ဌနဲ့လည်း သွားရောက် ညှိနှိုင်းတိုင်ပင်ပါ။ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးပါမယ်လို့ ဆိုခဲ့ပါတယ်။ ကျနော်တို့ ၈ ရက်နေ့မှာ မထသ ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပါတယ်။ မထသ ဥက္ကဋ္ဌ ဦးမြင့်စိုးက ခင်ဗျားတို့ ကော်မတီဖွဲ့ဖို့ ရုံးခန်းလည်း ငှားထားပါ။ ကျနော်အထက်ကို အားချင်းပဲ ဒီကိစ္စအောင်မြင်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ သူဆောင်ရွက်မယ့် ရက်ကိုလည်း ကျနော်တို့ကို ဆက်သွယ်ပါမယ်လို့ ဆိုပြီး ကျနော်တို့ဆီက ဖုန်းနံပါတ်နဲ့ လိပ်စာ တောင်းသွားပါတယ်။ အခု ၁၄ ရက်နေ့ထိအောင်တော့ သူတို့ဆီက ဘာပြန်ကြားချက်မှ မရသေးပါဘူးခင်ဗျ။”

ဆန္ဒပြခွင့်တင်ထားသူတွေကတော့ သူတို့တင်ပြချက်တွေကို ဆောင်ရွက်ပေးနိုင်မလား ဆိုတာ အချိန်တခုထားပြီး စောင့်ကြည့်ဦးမယ်လို့ ပြောပါတယ်။

“ကျနော်တို့အပေါ် ပြောထားတဲ့ ကတိစကားအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲနဲ့ ဒီတိုင်းပဲ ပြီးသွားမယ်ဆိုရင်တော့ ကျနော်တို့ သုံးဘီးလုပ်သားထုရဲ့ လိုချင်တဲ့ ဆန္ဒ၊ ဖြစ်ချင်တဲ့ ဆန္ဒအားလုံးကို ကျနော်တို့ ရည်ရွယ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။”
လုပ်ငန်းလိုင်စင်ရှိ သုံးဘီး ပိုင်ရှင်တွေနဲ့ သုံးဘီးမောင်းသူတွေက သုံးဘီးကော်မတီအသစ် ပြန်လည်ဖွဲ့စည်းပေးဖို့၊ လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်သုံးအဖြစ်ဝယ်ယူထားတဲ့ သုံးဘီးတွေက လိုင်းဝင်ဆွဲနေတာတွေကို စီစစ်ပေးဖို့စတဲ့  တောင်းဆိုချက်တွေ ပါဝင်မယ့်  ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့်အကြောင်း မကွေးမြို့နယ်ရဲစခန်းမှာ လျှောက်ထားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013