DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် နေအိမ်အဆောက်အဦ ၂၃၀ ကျော် လေဘေးသင့်
DVB
·
June 2, 2019
စစ်ကိုင်းတိုင်းတွင် နေအိမ်အဆောက်အဦ ၂၃၀ ကျော် လေဘေးသင့်
1 / 8
Donate to DVB

စစ်ကိုင်းတိုင်ဒေသကြီးအတွင်း မေလ ၃၁ ရက်နေ့နဲ့ ဇွန်လ ၁ ရက်နေ့တို့မှာ မိုးသက်လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်နဲ့ အဆောက်အဦ ၂၃၀ ကျော် လေဘေးသင့်ခဲ့ ပါတယ်။

မေလ ၃၁ ရက်နေ့က မိုးသက်လေပြင်းကြောင့် ကနီမြို့နယ်မှာ နေအိမ် ၃၀၊ ရေဦးမြို့နယ်မှာ ၁၄ အိမ်၊ ကသာမြို့နယ်မှာ ၁၉ အိမ်နဲ့ ပင်လည်ဘူးမြို့နယ်မှာ နေအိမ် ၁၄ လုံးအမိုးလန်ခဲ့ပြီး ကျောင်း ၁ ကျောင်းလည်း အမိုးလန်ခဲ့သလို လူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့က မိုးသက်လေပြင်းကျရောက်မှုကြောင့် အရာတော်မြို့နယ်၊ ဆင်တလဲကျေးရွာမှာ နေအိမ် ၁၃၉ လုံး အမိုးလန်ခဲ့ကာ နွား ၃ ကောင်သေဆုံးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း ၄ ကျောင်း၊ စေတီ ၅ ဆူမြေခ၊ စေတီ ၁ ဆူ ထီးတော်စောင်းကာ ဆွမ်းစားဆောင် ၁ ဆောင်နှင့် ကျောင်းဆောင် ၁ ဆောင်၊ စာသင်ကျောင်းအမိုးလန်ခဲ့ပါတယ်။

ဒါ့အပြင် မလဲသာကျေးရွာမှာလည်း ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စေတီ ၁ ဆူ ငှက်ပျောဖူး မြေခ၊ တိုက်နယ်ဆေးရုံ ယာယီရှင်းလင်းဆောင် ပြိုလဲခဲ့ပြီး ဆိပ်ဖူးကြီးကျေးရွာမှာ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီးခဲ့ပြီး အရာတော်မြို့နယ်မှာ ၁၄၉ အိမ်ထိ ခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

၂ ရက်အတွင်း နေအိမ်၊ သာသနိက အဆောက်အဦနဲ့ စာသင်ကျောင်း ၂၃၀ ကျော် လေဘေးဒဏ်ကြုံတွေ့ခဲ့ရကာ လူ ၁ ဦးနဲ့ နွား ၃ ကောင် သေဆုံးခဲ့ပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “ထောက်ပံ့ တာကတော့ ဘဏ်ဖွင့်တဲ့ရက်မှ ထောက်ပံ့ရမယ်။ စနေ၊ တနင်္ဂနွေဆိုတော့ ဘဏ်ပိတ်ထား တာကြောင့်။ ဒီနေ့ဆို အရာတော်မှာ တိုင်းဒေသကြီးအစိုးရက စာသင်ကျောင်း ပြန်လည်ပြုပြင်ဖို့ ကျပ်သိန်း ၂၀ ထောက်ပံ့ခဲ့တယ်။ ဌာနကတော့ သိန်း ၅၀ ကျော်၊ ၆၀ လောက်ရှိမှာပေါ့။ တွက်တော့ တွက်နေတုန်း။ အရင်ရက်က ဖြစ်တာကလည်း သိန်း ၄၀ ကျော်လောက်ရှိမှာပါ။ စုစုပေါင်းဆို စစ်ကိုင်းတိုင်းမှာ ကျပ်သိန်း ၂ ထောင်ကျော်သွားပြီ။ အခုနှစ် ၂၀၁၉ အတွင်းပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ဒုတိယပတ်က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့်လည်း ကနီမြို့နယ်မှာ အိမ်ခြေ ၁၅၀၀ ကျော် လေဘေးသင့်ခဲ့ပြီး ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကာ ကူညီထောက်ပံ့ အားပေးစကားပြောတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ စစ်ကိုင်းမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ မိုးသက်လေပြင်းတိုက်ခတ်မှု အကြိမ် ၁၀၀ လောက်ရှိပြီ ဖြစ်ပါတယ်။

မိုးကြိုးပစ်၊ လေပြင်းတိုက်၊ မီးလောင်မှုတွေကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ကျွဲနွားသေဆုံးတာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013