DVB Logo
Home
သတင်းတို
ရခိုင်ပဋိပက္ခ အစီရင်ခံစာ အချောသတ်
DVB
·
November 14, 2012
ရခိုင်ပဋိပက္ခ အစီရင်ခံစာ အချောသတ်
Donate to DVB

ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ သမ္မတဆီ တင်ပြမယ့် အစီရင်ခံစာကို ဒီနေ့ ညနေ စုံညီ အစည်းအဝေးထိုင် အချောသတ်ခဲ့ကြောင်း ကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

အစီရင်ခံစာ အချောသတ်ဖို့ ကော်မရှင် စုံညီအစည်းအဝေး လုပ်ချိန်ထိ ကော်မရှင် အဖွဲ့ဝင် ၂ ယောက်ကို ဘာကြောင့် ထုတ်ပယ်ရသလဲ ဆိုတာ သမ္မတ ရုံးက အကြောင်းပြန်တာ မရှိသေးဘူးလို့ ပြောပြပါတယ်။

အစီရင်ခံစာမှာ ဘာတွေပါတယ်၊ ဘယ်လို ဖော်ပြထားတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုလို့ မရသေးဘူးလို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ ကော်မရှင်ဟာ ဒီအစီရင်ခံစာကို နိုဝင်ဘာ ၁၆ ရက် သမ္မတဆီ တင်ပြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013