DVB Logo
Home
မြန်မာသတင်း
ပြည်ပထွက် အလုပ်သမား ယခင်နှစ်များထက် ပိုများလာ
DVB
·
June 2, 2019
ပြည်ပထွက် အလုပ်သမား ယခင်နှစ်များထက် ပိုများလာ
Donate to DVB

ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာနိုင်ငံကနေ ပြည်ပကို အလုပ်သမား ၂ သိန်းခွဲကျော်သွားခဲ့ပြီး အရင်နှစ်တွေ ကထက်တိုးလာတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

တတိယတနှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး ပြည်ပကိုထွက်ခွာတာဟာ အရင်နှစ်တွေကထက် ပိုပြီးများလာတယ်လို့ ဆိုပါတယ်။

အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်က “ပြီးခဲ့တဲ့ တတိယတနှစ်တာ ကာလအတွင်းမှာဆိုရင် ပြည်တွင်း အစိုးရဌာနတွေမှာ ၉,၈၂၂ ဦး၊ ပုဂ္ဂလိက ကဏ္ဍမှာ ၂၃၇,၆၂၁ ဦး၊ စုစုပေါင်း ၂၄၇,၄၄၃ ဦးကို ပြည်တွင်းမှာ အလုပ်ရှာပေးနိုင်ခဲ့သလို ပြည်ပနိုင်ငံတွေကိုလည်း အလုပ်သမား ၂၅၀,၆၉၉ ဦး စေလွှတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့နဲ့ ယှဉ်မယ်ဆိုရင် ပြည်တွင်းမှာဆိုရင် အလုပ်သမား ၃၂,၀၀၀ ကျော်၊ ပြည်ပ ၆၈၀၀၀ ကျော် ပိုပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ပြည်ပကို သွားချင်သူတွေအတွက် သတင်းအချက်အလက်တွေ ထောက်ပံ့ပေးမယ်လို့လည်း သူက ဆိုပါတယ်။

ပြည်ပရောက်အလုပ်သမားတွေနဲ့ သူ့မိသားစု ပြန်ဆက်သွယ်နိုင်မယ့် လုပ်ငန်းတွေကို ဆောင်ရွက်ပေးတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ထောက်ပံ့ရေးဗဟိုဌာနရုံးကိုလည်း တနိုင်ငံလုံးမှာ ၁၅ ရုံးအထိ ဖွင့်လှစ်နိုင်ခဲ့ပြီလို့လည်း ဦးမျိုးအောင်က ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အခု ၂၀၁၉ ခုနှစ် ပထမ ၄ လအတွင်း ပြည်ပမှာ အလုပ်ရသူ ၈၉,၀၅၈ ယောက်နဲ့ ပြည်တွင်းမှာ ၉,၈၅၅၁ ယောက် ရခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကနဲ့ယှဉ်မယ်ဆိုရင် ပြည်ပမှာအလုပ်ရတာ ၂ ဆကျော်မြင့်လာတာပါ။

မနှစ်က ပြည်ပမှာ အလုပ်ရသူ ၆၆,၆၁၆ ယောက်နဲ့ ပြည်တွင်းမှာအလုပ်ရသူ ၇၄,၅၁၄ ယောက် ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တုန်းက ပြည်ပမှာ အလုပ်ရသူ ၄၂,၂၇၅ ယောက်နဲ့ ပြည်တွင်းမှာ ၅၈,၆၀၂ ယောက် အလုပ်ရခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပမှာ အလုပ်ရရှိထွက်ခွာတာဟာ နိုင်ငံ ၉ နိုင်ငံကို တရားဝင်သွားရောက်တဲ့ စာရင်းတွေဖြစ်ပြီး ထိုင်းနိုင်ငံကို အများဆုံးသွားရောက်ကြပါတယ်။ ပြီးတော့ မလေးရှားက ဒုတိယ အများဆုံးဖြစ်ပြီး သူ့နောက်မှာ ဂျပန်နဲ့ ကိုရီးယားဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013