DVB Logo
Home
မြန်မာသတင်း
အမရပူရမြို့နယ်တွင် ဆီတင်ဆီချ ဆိပ်ခံတံတား ဖွင့်လှစ်
DVB
·
June 2, 2019
အမရပူရမြို့နယ်တွင် ဆီတင်ဆီချ ဆိပ်ခံတံတား ဖွင့်လှစ်
1 / 6
Donate to DVB

မြန်မာနိုင်ငံ အထက်ပိုင်းကို စက်သုံးဆီသိုလှောင်ဖြန့်ဖြူးဖို့ ရည်ရွယ်ချက်နဲ့ မန္တလေးတိုင်းဒေသကြီး ဆီတင်ဆီချဆိပ်ခံတံတားနဲ့ စက်သုံးဆီ သိုလှောင်ကန်ဖွင့်ပွဲကို အမရပူရမြို့နယ် အိုးတုတ္တန်းလမ်းသစ်မှာ ဇွန်​ ၂ ရက်​နေ့က​ ပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ဒီပ​ရော့ဂျက်​တ​ခုကို ကျ​နော့်ဆီ စာတင်​တဲ့ အချိန်​မှာ စိုးလည်း စိုးရိမ်​တယ်​၊ ​ကြောက်​လည်း ​ကြောက်​တယ်​။ ဘာ​ကြောင့်လဲဆို​တော့ ဒီ​နေ့ ​ဒီမိုက​ရေစီ​ခေတ်​မှာ ပွင့်လင်းမြင်​သာမှု ရှိရမယ်​၊ တာဝန်​ယူမှု တာဝန်​ခံမှုရှိရမယ်​။ ဒီလိုစက်​သုံးဆီနဲ့ ပတ်​သက်​လာလို့ရှိရင်​ တခုခုဖြစ်​သွားရင်​ ကျ​နော်​တို့က တာဝန်​ခံရမှာပါ။ အထူး သဖြင့် ဒီ​နေရာဟာ အချက်​အချာကျတဲ့​ နေရာပါ။ တနည်းအားဖြင့် တံတားဦး​ရှေး​ဟောင်းနယ်​​မြေနဲ့ နီးတယ်​။ ဧရာဝတီ၊ ဒုတ္ထဝတီမြစ်​ငယ်​မြစ်​တို့ ဆုံတဲ့​နေရာဖြစ်​တဲ့အတွက်​ ​တော်​​တော်​ကို သတိထားရပါတယ်​။” လို့ ပြောပါတယ်။

ဒီစီမံကိန်းဟာ တံတားဦးရှေးဟောင်းနယ်မြေနဲ့နီးတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကန့်ကွက်လာနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအမံတွေနဲ့ စနစ်တကျ တည်ဆောက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ရွှေကြက်​ယက်​ဆိပ်ကမ်းမှာ ဆီကုန်​တင်​ကုန်​ချ လုပ်​​နေတာ မီးဘေးအန္တရာယ်​အတွက်​ စိုးရိမ်ရတဲ့အနေအထားကြောင့် ဒီစီမံကိန်းကို လုပ်ဆောင်တာလို့ ဆိုပါတယ်။

“ဒီစီမံကိန်း ဂါလန် ၂ သန်းဆံ့၊ အလုံး​ရေ ၃၄ လုံး တည်​​ဆောက်​သွားမှာဖြစ်​တယ်​။ ဒီက ကား​တွေ စက်​သုံးဆီရရှိဖို့အတွက်​ ဒီ​နေရာက​နေ အထက်​ဗမာပြည်​တခုလုံးကို ဖြန့်​ဖြူးမှာပါ။ စနစ်​ကျတဲ့ ဖြန့်​ဖြူးမှုမျိုးနဲ့ ဖြန့်​ဖြူးသွားမှာဖြစ်တယ်။”

ဒီစီမံကိန်းကို မြန်မာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက အမရပူရမြို့နယ် အိုးတုတ္တန်းလမ်း အနောက်ဘက် ဧရာဝတီမြစ်နဲ့ ဒုဌ၀တီမြစ်အနီး မြေ ၄၁.၁၀ဧက အကျယ်ရှိ မြေနေရာမှာ ၂၀၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တာပါ။

ဆီတင်ဆီချဆိပ်ခံတံတားနဲ့ စက်သုံးဆီ သိုလှောင်ကန်ဖွင့်ပွဲကို ​မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာထွန်းနိုင်၊ MESDP Co.,Ltd မှ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့် နယ်စပ်ရေးရာဝန်ကြီးနဲ့ တိုင်းဒေသကြီးအစိုးရက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013