DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် သတင်းသမားများစုပေါင်း၍ မြေလတ်အသံ သတင်းဌာန တည်ထောင်
DVB
·
June 2, 2019
ပြည်မြို့တွင် သတင်းသမားများစုပေါင်း၍ မြေလတ်အသံ သတင်းဌာန တည်ထောင်
1 / 4
Donate to DVB

ပြည်မြို့ကို အခြေပြုပြီး မြို့ကြီး ၁၀ မြို့ကျော်က သတင်းသမားတွေ စုပေါင်းပြီး မြေလတ်အသံသတင်းဌာနတခု တည်ထောင်လိုက်ပါတယ်။

ပြည်၊ ပခုက္ကူ၊ ပေါင်းတည်၊ မင်းတုန်း စတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီစတဲ့ ဒေသတွင်းက သတင်းထောက် ၂၀ ကျော်နဲ့ စတင်တည်ထောင်လိုက်တာပါ။

မင်းတုန်းမြို့က သတင်းထောက် ဦးနေမူးလူက "ကျနော်တို့တွေ သတင်းသမားအချို့တွေက ကိုယ်ပိုင်သတင်းပေးပို့တဲ့ တိုက်တွေက နယ်ကသတင်းသမားတွေ ဖြုတ်လိုက်ကြတယ်။ အချို့ သတင်းသမားက သတင်းရေးသားတာ တခုတည်းနဲ့ ဘဝရပ်တည်နေကြရတော့ ရေရှည်ရပ်တည် ဖို့ ခက်ခဲလာကြတယ်။ အဲဒါကြောင့် သတင်းဌာနတခုအဖြစ် ရေရှည်ရပ်တည်နိုင်အောင် အခုလို ပြည်ကို အခြေပြုပြီး သတင်းဌာနတခု တည်ထောင်ရတာ" လို့ ပြောပါတယ်။

လက်ရှိမှာ oline မီဒီယာအနေနဲ့ ရပ်တည်ပြီး စုပေါင်းပေးပို့ထားတဲ့ သတင်းတွေကို အခြားသတင်းဌာနကြီးတွေဆီ ပေးပို့မှာဖြစ်ပါတယ်။

"ကျနော်တို့ လောလောဆယ် သတင်းထောက်တွေ စုပေါင်းထဲဝင်တဲ့ ငွေကြေးနဲ့ပဲ ရပ်တည်နေကြရပါတယ်။ ခုနှစ် ၂၀၁၉ မှာ ပြန်ကြားရေးဌာနမှာ တရားဝင်မှတ်ပုံတင်ပြီး တရားဝင်သတင်းဌာနတခုအနေနဲ့ ပြုလုပ်တည်ထောင်လိုက်တာ။ နောက်ပိုင်း ရှေ့ရေရှည် ရပ်တည်ဖို့ ကြိုးစားလုပ်ကိုင်နေတယ်" လို့ ပြည်အခြေစိုက် သတင်းထောက် ကိုဆလိုင်းကောင်းမြတ်မင်းက ပြောပါတယ်။

ဖွင့်ပွဲကို ပြည်မြို့မြကျောက်ဂါးဒင်းမှာပြုလုပ်ပြီး ဌာဆိုင်ရာတွေ လွှတ်တော်ကိုယ်စားလှယ် တွေ၊ စာပေလောကသားတွေ တက်ရောက်ခဲ့ကြပါတယ်။

လက်ရှိသတင်းဌာနအသီးသီးကို သတင်းပေးပို့နေတဲ့ သတင်းသမား ၂၀ ကျော် ပါဝင်တည်ထောင်ထားတာဖြစ်ပါတယ်။

သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013