DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယရောက်ရှိ
DVB
·
November 13, 2012
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယရောက်ရှိ
Donate to DVB

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၃ ရက်မှာ အိန္ဒိယနိုင်ငံကို ရောက်ရှိပြီး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုပါတယ်။ ငယ်စဉ်က အိန္ဒိယနိုင်ငံမှာ ကျောင်းတက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမအကြိမ် ပြန်လည်ရောက်တာဖြစ်ပါတယ်။

သီတင်း ၁ ပတ် ကြာမြင့်မယ့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျဝါဟလားနေရူးအောက်မေ့ဖွယ်အခမ်းအနားမှာ မိန့်ခွန်းပေးမှာဖြစ်သလို အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ နိုဝင်ဘာ ၁၄ ရက်မှာ တွေ့ဆုံဖို့ ရှိတယ်လို့  ZEENEWS က ရေးပါတယ်။

[caption id="attachment_33024" align="alignleft" width="300" caption="မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Indira Gandhi အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ- ရိုက်တာ)"][/caption]

ခရီးစဉ်အတွင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးနဲ့ စီးပွားရေးအထီးကျန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ သိပ္ပံနဲ့ နည်းပညာနယ်ပယ်က အတွေ့အကြုံတွေကို လေ့လာဖို့ ရှိပါတယ်။

အိန္ဒိယတာဝန်ရှိသူတွေ ပြောဆိုချက်အရ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုကို လိုလားတယ်လို့ ဆိုပါတယ်။ အိန္ဒိယက မြန်မာနိုင်ငံက လမ်းတွေ၊ တံတားတွေကို အဆင့်မြှင့်တင်ဖို့ သဘောတူထားပြီးဖြစ်ပြီး ဒီလမ်းတွေက ၂၀၁၆ ခုနှစ်ကျရင် ထိုင်းနိုင်ငံနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကဏ္ဍကို အထောက်အပံ့ဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ထားတာပါ။

အိန္ဒိယ-မြန်မာ အပြန်အလှန်ကုန်သွယ်ရေးဟာ ၂၀၁၀-၁၁ ခုနှစ်မှာ ဒေါ်လာသန်း ၁၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်အရောက်မှာ ဒေါ်လာ သန်း ၃၀၀၀ ထိ ကုန်သွယ်ဖို့ နှစ်နိုင်ငံသဘောတူထားပြီး ဖြစ်ပါတယ်။

နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်တွေဟာ ဒီ ၁ ပတ်အတွင်း မဏိပူရပြည်နယ် မိုရေးမှာ တွေ့ကြမှာပါ။

အိန္ဒိယနိုင်ငံကို သမ္မတဦးသိန်းစိန်က မနှစ် အောက်တိုဘာမှာ လာရောက်ခဲ့သလို အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဟာ ဒီနှစ်မေလက မြန်မာပြည်ကို လာရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013