DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ကျပ်သိန်း ၆၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
June 2, 2019
အင်းတော်တွင် ကျပ်သိန်း ၆၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ငွေကျပ်သိန်း ၆,၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မေ ၃၁ ရက် ည ၉ နာရီကျော်လောက်က အင်းတော်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အင်းတော်မြို့နယ်၊ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ချစ်စန်းမောင် မောင်းနှင်လာတဲ့ TOYOTA TOYOACE အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။

မော်တော်ယာဉ်ရဲ့နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ငွေကျပ်သိန်း ၆၇၁၀ တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၇၁ ကီလိုနဲ့ လက်ကိုင်ဖုန်းတလုံး၊ ငွေကျပ် ၂၁ သိန်း တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ချစ်စန်းမောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013