DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ချက်နှင့်ဟန်ဂေရီနိုင်ငံတို့ကို သွားရောက်
DVB
·
June 2, 2019
ဒေါ်အောင်ဆန်းစုကြည် ချက်နှင့်ဟန်ဂေရီနိုင်ငံတို့ကို သွားရောက်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်နိုင်ငံနဲ့ ဟန်ဂေရီနိုင်ငံ ခရီးစဉ်အဖြစ် ဇွန် ၁ ရက်နေ့က နေပြည်တော်ကနေ ထွက်ခွာသွားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီးစ်ရဲ့ ဖိတ်ကြားချက်အရ တရားဝင် ခရီးစဉ်နဲ့ ဟန်ဂေရီနိုင်ငံကို အလုပ်သဘောခရီးစဉ်အဖြစ် သွားရောက်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၀န်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Viktor Michalik နဲ့ တာဝန်ရှိသူတွေ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပို့ဆောင်ခဲ့ကြပါတယ်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013