DVB Logo
Home
မြန်မာသတင်း
ငွေကြေးမလိုဘဲ ဝယ်ယူရောင်းချနိုင်မယ့် ရွေ့လျားဈေးဆိုင် (ဓာတ်ပုံ)
DVB
·
June 1, 2019
ငွေကြေးမလိုဘဲ ဝယ်ယူရောင်းချနိုင်မယ့် ရွေ့လျားဈေးဆိုင် (ဓာတ်ပုံ)
1 / 10
Donate to DVB

ငွေကြေးပေးစရာမလိုဘဲ ပစ္စည်းတွေ ဝယ်ယူရောင်းချနိုင်မယ့် ရွေ့လျားဈေးဆိုင်၊ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးအတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုနဲ့ အစားအစာတွေဝေငှတဲ့ အစီအစဉ်တို့ မနေ့က ရန်ကုန်မှာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

ဒီအစီအစဉ်တွေကို မနေ့က ရန်ကုန်မြို့ မြေနီကုန်းတံတားအောက်မှာ စုပေါင်း ပြုလုပ်ခဲ့တာဖြစ်ပြီး ငွေကြေးမလိုဘဲ ဝယ်ယူရောင်းချနိုင်မယ့် ရွေ့လျားဈေးဆိုင် (Free Mobile Shop) အတွက်ကတော့ ဒါဟာ ၈ ကြိမ်မြောက်ဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်။

Free Mobile Shop က ကိုယ့်မှာ မလိုအပ်တဲ့ ပစ္စည်းတွေကို ဒီဆိုင်မှာ အခမဲ့လာရောက်ရောင်းချပြီး လိုအပ်တဲ့သူတွေက အခမဲ့ လာရောက်ဝယ်ယူဖို့ စီစဉ်ထားတာ ဖြစ်ပြီး သူတို့က ဒါကို ငွေကြေးမပါတဲ့ ရောင်းဝယ်မှုလို့ ဆိုပါတယ်။

Food not Bombs ကတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပဲ စတင်ခဲ့တဲ့ အစီအစဉ်ဖြစ်ပြီး လမ်းပေါ်မှာ အစားအစာတွေ လိုက်ဝေပေးတာ ဖြစ်ပါတယ်။ အပတ်စဉ်တနင်္လာနေ့တိုင်းမှာ လမ်းတွေမှာလိုက်ပြီး အစားအစာ၊ မုန့်တွေ ဝေပေးသလို ဆင်းရဲတဲ့ကလေးတွေ၊ အိပ်ခ်ျအိုင်ဗွီ ကလေးတွေဆီကိုလည်း အလျဉ်းသင့်သလို သွားရောက်ပြီး အစားအသောက်တွေပေးတာ၊ ဖျော်ဖြေတာတွေ လုပ်လေ့ရှိပါတယ်။

မနေ့က လှုပ်ရှားမှုမှာတော့ ကောက်ညှင်းပြန်ပေါင်း၊ မုန့်ဖက်ထုပ်၊ ပြာရည်ထုပ်၊ မုန့်ကျွဲသည်းတွေ ဝေခဲ့တယ်လို့ ဦးဆောင်ပါဝင်သူတယောက်က ပြောပါတယ်။

သူတို့ကတော့ ဒီလိုအစားအစာဝေတာဟာ ကုသိုလ်ရဖို့၊ ပရဟိတအဖြစ် လုပ်တယ်ဆိုတာထက် လူတွေအတွက် လက်နက် ကျည်ဆံတွေထက် အစားအစာကပဲ လိုအပ်တယ်ဆိုတာကို ပြသနေတာလို့ ဆိုပါတယ်။

Strike for Climate လှုပ်ရှားမှုကတော့ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးအတွက် တောင်းဆိုတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုတွေအားလုံးဟာ လူငယ်တွေပဲ ဦးဆောင်ပါဝင်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013