DVB Logo
Home
မြန်မာသတင်း
တပ်မိသားစုဝင်များ အဖမ်းခံရသဖြင့် ဒီကေဘီအေ နယ်စပ်ဂိတ်ပိတ်
DVB
·
November 13, 2012
တပ်မိသားစုဝင်များ အဖမ်းခံရသဖြင့် ဒီကေဘီအေ နယ်စပ်ဂိတ်ပိတ်
Donate to DVB

ဒီကေဘီအေ (ကလိုထူးဘော) တပ်ရဲ့ မိသားစုဝင်တချို့ကို ထိုင်းအာဏာပိုင်တွေက တရားမ၀င် နိုင်ငံထဲ ၀င်ရောက်လာမှုနဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒီကေဘီအေဘက်ကလည်း နယ်စပ်ဖြတ်ကျော်ဂိတ်တွေ ယာယီပိတ်ထားခဲ့ပါတယ်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်စောလားဘွယ်ရဲ့ ယောက္ခမ၊ အဒေါ်နဲ့ တူမ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့အတွက် ဒီကေဘီအေဘက်ကလည်း ပြန်တုံ့ပြန်တဲ့အနေနဲ့ သူတို့ထိန်းချုပ်နယ်မြေထဲက ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေကို  ၁ ရက်ကျော် ပိတ်ထားခဲ့တယ်လို့ ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။

[caption id="attachment_33012" align="alignleft" width="300" caption="ဗိုလ်မှူးစန်းအောင်"][/caption]

“အမျိုးသမီး ၄-၅ ယောက်သွားတာကို ဖမ်းတယ်ဆိုရင် ဂိတ်ကိုပိတ်မယ်၊ အိမ်နီးချင်းနိုင်ငံ၊ အဖွဲ့အစည်းတွေက မဖြစ်သင့်ဘူး။ ၂၈ နာရီလောက်ပိတ်တဲ့သဘောပါ။ အခု ဖွင့်ပါပြီ။ ကျနော်တို့လူတွေလည်း ပြန်ရောက်ပြီဆိုတော့။ အဓိက ကားတစီးနဲ့လူ ပြန်လွှတ်ပေးဖို့ အခက်အခဲရှိတယ်။ ကုမ္ပဏီမှာဝယ်တဲ့ စာရွက်စာတမ်းတွေမို့လို့ပါ။”

ဖမ်းဆီးခံရသူ အမျိုးသမီးတွေ ဆုံဆည်းမြိုင်ကို ပြန်ရောက်လာပြီဖြစ်တဲ့အတွက် ဒီကေဘီအေဘက်က နယ်စပ်ဂိတ်တွေလည်း ဒီနေ့မနက် ၉ နာရီလောက်က ပြန်ဖွင့်ပေးခဲ့ပြီလို့ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။

နယ်စပ်ဧရိယာ နှစ်ဘက်ကြားမှာ သူတို့မိသားစုဝင်တွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စနဲ့ တခါတရံ အသွားအလာလုပ်ရတာ မျိုးရှိပြီး အရင်က နားလည်မှုနဲ့ သွားလာခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်နောင် အခုလို ဖမ်းဆီးတာမျိုးတွေ မရှိရအောင် အ၀င်အထွက် လက်မှတ်တခုခု လုပ်ပေးသင့်ကြောင်း ထိုင်းရဲဝန်ထမ်းကို ပြောခဲ့တယ်လို့ ဗိုလ်မှူး စန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တာ့ခ်ခရိုင် မဲဆောက် - အုန်းဖျန်သွားလမ်းပေါ်မှာ  ထိုင်းအထူးစစ်ဆေးရေး ရဲတပ်ဖွဲ့အမှတ် ၆ က  ယဉ်အသွားအလာ စစ်ဆေးရင်း  မဟာဝမ်းရပ်ကွက်နားမှာ ဒီကေဘီအေ မိသားစုဝင်တွေ ပါဝင်တဲ့ကားကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဗိုလ်ချုပ်စောလားဘွယ်ကို ထိုင်းအစိုးရက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဆုငွေ ဘတ် ၁ သန်းနဲ့ ဖမ်းမိန့်ထုတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒီကေဘီအေက နယ်စပ်ဂိတ်တွေကို ပိတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013