DVB Logo
Home
မြန်မာသတင်း
ချောက်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်၊ ကျပ်သန်း ၇၅၀၀ ထုတ်ချေး
DVB
·
June 1, 2019
ချောက်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်၊ ကျပ်သန်း ၇၅၀၀ ထုတ်ချေး
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျပ်သန်းပေါင်း ၇၅၀၀ ကို ​တောင်​သူဦး​ရေ ၁၂၀၀၀ အတွက်​ ပြီးခဲ့တဲ့နှစ်ထက် တဆ တိုးမြှင့်​ ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်မန်နေဂျာ ဦးအောင်သောင်းက “ဒီနှစ်​ မိုးရာသီစိုက် ဆီထွက်သီးနှံနဲ့ ပဲအမျိုးမျိုး စိုက်ပျိုးမြေ တစ်ဧကကို အရင်​နှစ်​က ကျပ် ၅ သောင်းသာ ထုတ်ချေးခဲ့တာ ဒီနှစ်​မှာ တစ်ဧကကို ကျပ် ၁ သိန်းအထိ ထုတ်ချေးပေးသွားမှာ၊ မိုးရာသီစိုက် စပါးတစ်ဧကကို တော့ အရင်​နှစ်အတိုင်း ကျပ် ၁ သိန်း ထုတ်​​ချေးသွားမှာ” လို့ ပြောပါတယ်​။

မေလ ၆ ရက်မှ ၃၁ ရက်နေ့အထိ ကျေးရွာအုပ်စု ၂၀ အုပ်စုမှ တောင်သူ ၃၅၀၀ အတွက်​ စပါးစိုက်ဧက ၁၀ ဧက၊ ဆီထွက်သီးနှံနဲ့ ပဲမျိုးစုံ စိုက်ဧက ၅၄၄ ဧကအတွက် ဘဏ်ထုတ်ငွေ သန်း ၂၀၀၀ ​ကျော်​ ထုတ်ချေးပေးထားပြီး၊ ထုတ်ချေးပေးဖို့ ကျန်ရှိတဲ့ တောင်သူတွေကို စက်တင်ဘာလအထိ ထုတ်ချေးပေးဖို့ သတ်မှတ်ထားပေမယ့် ဇူလိုင်လအကုန် အပြီးထုတ်ချေးပေးမယ်​လို့ သိရပါတယ်​။

၂၀၁၈ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ထုတ်ချေးသော တောင်သူ ၄ ဦး ဘဏ်ထုတ်ချေးငွေ ၉ သိန်းကျပ် အကြွေးကျန်ရှိနေပြီး ပြန်ဆပ်နိုင်ဖို့ ကြိုးပမ်း​နေတယ်လို့ သိရပါတယ်​။

ချောက်​မြို့နယ်​ ကျေးရွာအုပ်စု ၄၉ အုပ်စုမှာ ၂၀၁၈ ခုနှစ်က မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ထုတ်ချေးအဖွဲ့ဝင် တောင်သူ ၁ေ​သောင်း​ကျော်​ကို စပါးစိုက်ဧက ၄၂ ဧက၊ ဆီထွက်သီးနှံနဲ့ ပဲမျိုးစုံ စိုက်ဧက ၇ ​သောင်း​ကျော်​အတွက် ဘဏ်ထုတ်ချေးငွေ စိုက်ပျိုးစရိတ် ကျပ်သန်းပေါင်း ၃၇၀၀ ကျော် ထုတ်​​ပေးခဲ့​တယ်လို့ သိရပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013