DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာ ဘေလီတံတားအနီး စက်ရုံ၊ နေအိမ်၊ ဆိုင်ခန်းများကို အင်အားသုံးဖယ်ရှား
DVB
·
June 1, 2019
တောင်ဥက္ကလာ ဘေလီတံတားအနီး စက်ရုံ၊ နေအိမ်၊ ဆိုင်ခန်းများကို အင်အားသုံးဖယ်ရှား
1 / 9
Donate to DVB

ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနဲ့ သံသုမာလမ်းထောင့် ဘေလီတံတားအနီးရှိ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်ခန်း၊ လူနေအိမ်တွေကို ရဲတပ်ဖွဲ့အပါအ၀င် စည်ပင်ဝန်ထမ်းအမြောက်အမြားနဲ့ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။

အငြင်းပွားနေတဲ့ တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနဲ့ သံသုမာလမ်းထောင့် ဘေလီတံတားထိပ်ရှိ မြေဧရိယာ ၅၈.၄၇၉ ဧက ပေါ်ရှိ ဈေးဆိုင်ခန်း၊ စက်ရုံအလုပ်ရုံတွေကို တပ်၊ ရဲတပ်ဖွဲ့အပါအ၀င် စည်ပင်ဝန်ထမ်း အမြောက်အမြားနဲ့ ဇွန် ၁ ရက်နေ့ မနက် ၇ နာရီမှာ ၀င်ရောက်နေရာယူပြီး မရွှေ့ပြောင်းနိုင်တဲ့ အဆောက်အဦတွေကို ဖျက်ဆီးဖယ်ရှားခဲ့တာပါ။

ဒီမြေဧရိယာနေရာကို ဒဂုံမြို့သစ် စတင်တိုးချဲ့စဉ်ကာလကတည်းက နှစ်ပေါင်း ၃ဝ လောက် နေထိုင်တဲ့ မြေနေရာဖြစ်တယ်လို့ နေအိမ်ဖယ်ရှားခံရသူတွေက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းထောင့်ရှိ ဆိုင်ခန်းတွေကို အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (၂)/(၃) တို့အရ နည်းဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။

ဆိုင်ခန်းတွေနဲ့ လူနေအိမ်တွေဟာ ၁၉၈၀ ပြည့်နှစ်ကနေ စတင်နေထိုင်လာခဲ့ကြတာဖြစ်ပြီး လက်ရှိ အိမ်ထောင်စု ၂၁ စုနဲ့ လူဦးရေ ၁၈၀ ကျော်နေထိုင်ပြီး ကျောင်းသားကျောင်း ၅၀ဆယ်ကျော်လည်း ရှိပါတယ်။

ဖယ်ရှားပေးဖို့ နို့တစ်စာကို မေ ၃၁ ရက်နေ့ နေ့လယ် ၂ နာရီမှာ ပေးပို့ခဲ့တာဖြစ်ပြီး ရွှေ့ပြောင်းပေးဖို့အတွက် နောက်ကျနေပြီလို့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းထောင့်ရှိ ဆိုင်ခန်းရှင် ဒေါ်နန်းစိန်ညွန့်ကပြောပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် မြေနေရာဟာ ထောက်လှမ်းရေးအမှတ် ၂၆ နေရာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှာ ၁၉၉၃ ခုနှစ်က မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနကနေ တရားဝင် လွှဲပြောင်းရယူထားတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၁ ရက်၊ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေက နောက်ဆုံးအပြီးဖယ်ရှားပေးဖို့  ဆိုင်ခန်းရှင်တွေကို နို့တစ်စာ ၃ ကြိမ်ပေးပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013