DVB Logo
Home
မြန်မာသတင်း
ပျဉ်းမနား ဒေသခံရွာသားများ ကိုယ့်အိမ်ကိုယ်ဖျက်ပေးရ
DVB
·
November 13, 2012
Donate to DVB

တရားရုံးကနေ နောက်တကြိမ် ရုံးချိန်းမတိုင်ခင် ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုချက်ကြောင့် မန္တလေးတိုင်း ပျဉ်းမနားမြို့ ဥယျာဉ်စုအုပ်စု ဦးကျေးရွာက ရွာသားတချို့ အိမ်ဖျက်ပေးနေကြပါတယ်။

အိမ်ဖျက်ရာမှာပါတဲ့ ရွာသား ကိုဇော်မြင့်ဦးက နှစ်ကာလရှည်ကြာမြင့်စွာကတည်းက နေထိုင်သူတွေပါ အိမ်ဖျက်ပေးရာမှာ ပါတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကို ၄၈(က) လယ်ယာမြေကျူးကျော်အိမ်ဆောက်တယ်ဆိုပြီး တရားစွဲထားတာ ဒီနေ့ အိမ်ကိုဖျက်ရတယ်။ မဖျက်ပေးရင် ထောင်ကျမယ်။ သဘက်ခါ ရုံးချိန်းကို ဖျက်ထားတဲ့ ဓာတ်ပုံမတင်နိုင်ရင် ထောင်ကျမယ်။ အခုမှသာ လယ်ယာကျူးကျော်မြေလို့ သိရတာ။ ဒီမှာနေထိုင်လာတာ တချို့ဆို နှစ် ၄၀ လောက်အထိ နေလာသူတွေလည်း တရားစွဲခံထားရတယ်။”

လယ်ယာမြေပေါ်မှာ အိမ်ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်လုပ်နေထိုင်လို့ မြေစာရင်းက တရားစွဲဆိုတာ ဖြစ်ပါတယ်။ သူတို့အိမ်တွေ မဖျက်ရရေးနဲ့ အစားထိုးနေရာ ရရှိရေးအတွက် သမ္မတအပါအ၀င် ဌာနဆိုင်ရာတွေကို အကြိမ်ကြိမ် အသနားခံပေမယ့် မထူးဘူးလို့ ဆိုပါတယ်။

ဦးကျေးရွာရဲ့ လမ်းတဖက်ခြမ်းမှာ ဆောက်လုပ်နေထိုင်ကြတဲ့ သူတို့အိမ်ခြေတွေဟာ ကနဦးပိုင်းက အိမ်အနည်းငယ်သာရှိရာကနေ ကျေးရွာစည်ပင်လာတဲ့အတွက် အိမ်ခြေများလာတာလို့ ဆိုပါတယ်။ အခုဖျက်ပေးလိုက်ရတဲ့ အိမ်တလုံးစီရဲ့ ပျမ်းမျှ ကာလပေါက်ဈေးဟာ သိန်း ၁၅၀ ၀န်းကျင်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

သူတို့ကို မြေစာရင်းဌာနနဲ့ အုပ်ချုပ်ရေးပိုင်းက တရားလိုအဖြစ် လယ်ယာမြေကျူးကျော်မှု ပုဒ်မ ၄၈ (က) နဲ့ အိမ်ခြေ ၁၀ လုံးကို တရားစွဲထားပြီး ကျန်အိမ်အလုံး ၄၀ ခန့်ကို တရားစွဲဖို့ သတိပေးစာ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ ရုံးချိန်းမတိုင်ခင်  အိမ်ဖျက်တဲ့ပုံကို ဓာတ်ပုံရိုက်ပြီး တင်ပြကြရမှာ ဖြစ်ပါတယ်။

ဒီနေ့ အိမ် ၄ လုံးဖျက်ပေးရပြီး လွန်ခဲ့တဲ့လပိုင်း ၆ လုံး ဖျက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့ အိမ်ဖျက်ပေးမယ့် သူတွေအတွက် နေစရာနေရာအသစ် မစီစဉ်ပေးပေမယ့် ဖျက်တဲ့နေရာမှာတော့ တဖက်ရပ်တဲ ပုံစံထိုးပြီးနေဖို့ သက်ဆိုင်ရာက ခွင့်ပြုတယ်လို့ ဆိုပါတယ်။

အိမ်ဖျက်ပေးခဲ့ရတဲ့ ရွာသား ဦးတင်ဦးက “ကျနော်တို့နေလာတာ နှစ်ပေါင်း ၃၅ နှစ်လောက် ရှိပါပြီ။ ကျနော်တို့ကို လယ်ယာမြေကျူးကျော် လန ၃၉ ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်နေထိုင်လို့တဲ့။ အိမ်တွေဖျက်လိုက်တော့ တဖက်ရပ်တဲထိုးပြီးနေရတော့ ကစဥ့်ကလျားရှိတာပေါ့။ မြေရှင်တွေက တဖက်ရပ်တဲထိုးနေတဲ့ အဆောက်အဦ ကြီးကြီးမားမားသာ ဆောက်ခွင့်မပေးတာတဲ့” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013