DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူမည်
DVB
·
June 1, 2019
မွန်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူမည်
Donate to DVB

မွန်ပြည်နယ် လွှတ်တော်မှာ အထူးအစည်းအဝေး တရပ် ခေါ်ယူသွားမယ်လို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။

အစည်းအဝေးကို ဇွန်လ ၁၂  ရက် ကျင်းပသွားဖို့ စီစဉ်ထားပြီး၊ အစိုးရအဖွဲ့ကိုလည်း မေ ၂၈ ရက်ကတည်းက အကြောင်းကြားစာ ပေးပို့ထားတာပါ။

အခုလို အထူးအစည်းအဝေး ခေါ်ယူရတာဟာ ၂၀၁၈-၁၉ မွန်ပြည်နယ်ရဲ့ ဖြည့်စွက်ရန်ပုံငွေ သုံးစွဲခြင်းဆိုင်ရာ ဥပဒေကြမ်းတရပ်ကို အတည်ပြုဖို့ ခေါ်ယူတာလို့ ဥက္ကဋ္ဌက ဆိုပါတယ်။

အစည်းအဝေးမှာ အဆိုတွေ တင်သွင်းဖို့ မရှိပေမယ့် မေးခွန်းတွေတော့ မေးမြန်းသွားဖို့ ရှိနေပြီး အစည်းအဝေးကို သုံးရက်လောက် ကျင်းပသွားဖို့ စီစဉ်ထားတာပါ။

လွှတ်တော် အထူးအစည်းအဝေးဟာ လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ လွှတ်တော် ကိုယ်စားလှယ် သုံးပုံတပုံ လက်မှတ်ရေးထိုးတောင်းဆိုရင် ကျင်းပပေးရတာ ဖြစ်ပြီး လွှတ်တော် ဥက္ကဋ္ဌကလည်း ခေါ်ယူပိုင်ခွင့် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013