DVB Logo
Home
မြန်မာသတင်း
မယ်စကြ၀ဠာမြန်မာအလှမယ်သရဖူ ဘားအံအလှမယ် ဆွေဇင်ထက်ဆွတ်ခူး
DVB
·
June 1, 2019
မယ်စကြ၀ဠာမြန်မာအလှမယ်သရဖူ ဘားအံအလှမယ် ဆွေဇင်ထက်ဆွတ်ခူး
1 / 5
Donate to DVB

မေလ ၃၁ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ Novotel Hotel Grand Ballroom မှာ ကျင်းပတဲ့ မယ်စကြ၀ဠာမြန်မာ ၂၀၁၉ ရဲ့နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ဘားအံကိုယ်စားပြု အလှမယ် ဆွေဇင်ထက်က နိုင်ငံကိုယ်စားပြုအလှမယ်သရဖူကို  ဆွတ်ခူးရရှိခဲ့ပါတယ်။

အခုနှစ်ရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ မြို့ကြီးတွေ ကိုယ်စားပြုအလှမယ် ၂၆ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။

အဲဒီထဲကမှ ၁၃ ယောက်ကို ကနဦးရွေးချယ်ခဲ့ရာမှာတော့ မူဆယ်၊ မြစ်ကြီးနား၊ မင်းဘူး၊ ထားဝယ်၊ နေပြည်တော်၊ ဖားကန့်၊ ဘားအံ၊ မြ၀တီ၊ ပုသိမ်၊ မြိတ်၊ ရန်ကုန်(အနောက်ပိုင်း)၊ မန္တလေးနဲ့ မော်လမြိုင်ကိုယ်စားပြု အလှမယ်တွေ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် အလှမယ် ၂၆ ဦးစလုံးထဲကနေ Title ဆုတွေ ရွေးချယ်ရာမှာတော့ Miss Healthy Skin ဆုကို နိုနိုကေ (ရန်ကုန်အနောက်ပိုင်း)၊ Miss Best Swimsuit ဆုကို ဆွေဇင်ထက် (ဘားအံ)၊ Miss Photogenic ဆုကို မွှေးသက် (မြိတ်) တို့က အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

အလှမယ် ၁၃ ဦးထဲက ဆန်ကာတင်အလှမယ် ၆ ဦးကို ဆက် လက်ရွေးချယ်ရာမှာတော့ Voting အရ Top 6 ထဲကို အလိုအလျောက်ပါဝင်လာသူ အလှမယ်ကို ကြေညာရာမှာ မြစ်ကြီးနားအလှမယ် လင်းထက်ထက်ကျော်က ပထမဆုံး ရွေးချယ်ခံခဲ့ရတာပါ။

အဲဒီနောက်မှာတော့ မန္တလေးအလှမယ် ထက်သီရိဇော်၊ မြိတ်အလှမယ် မွှေးသက်၊ ပုသိမ်အလှမယ် ဆုဆုစန္ဒီ၊ ဘားအံအလှမယ် ဆွေဇင်ထက်၊ မင်းဘူးအလှမယ် ထွန်းပုလဲ ရတနာတို့ကို ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ထဲက 5th Runner Up ဆုကိုတော့ ပုသိမ်အလှမယ် ဆုဆုစန္ဒီ၊ 4th Runner Up ဆုကို မြစ်ကြီးနားအလှမယ် လင်းထက်ထက်ကျော်၊ 3rd Runner Up ဆုကို မင်းဘူး အလှမယ် ထွန်းပုလဲရတနာ၊ 2nd Runner Up ဆုကို မန္တလေး အလှမယ် ထက်သီရိဇော်၊ 1st Runner Up ဆုကို မြိတ်အလှမယ် မွှေးသက်တို့က ရရှိခဲ့ကြပြီး ၂၀၁၉ မယ်စကြ၀ဠာ သရဖူကိုတော့ ဘားအံအလှမယ် ဆွေဇင်ထက်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ မေးခွန်းမှာ ဒီကနေ့အချိန်မှာ Social Media ကို အသုံးပြုမှုတွေ တွင်ကျယ်လာတဲ့အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ မြင်မိပါသလဲ။ အသုံးပြုသူတွေကို ဘယ်လို Message ပေးချင်ပါသလဲလို့ မေးခဲ့ချိန်မှာတော့ အလှမယ် ဆွေဇင်ထက်က “Social Media က သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးပါ။ လူငယ်တွေကို Social Media ကို အကျိုးရှိအောင် အသုံးချပါ” လို့ ဖြေခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar အလှမယ်ဆုကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး  ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်တို့က ရရှိခဲ့ကြတာ ဖြစ်ပြီး အခုကျင်းပမယ့် ပြိုင်ပွဲကတော့ ၇ ယောက်မြောက် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြ၀ဠာ အလှမယ် ဖြစ်လာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မယ်စကြ၀ဠာမြန်မာအလှမယ်သရဖူ ဘားအံအလှမယ် ဆွေဇင်ထက်ဆွတ်ခူး