DVB Logo
Home
မြန်မာသတင်း
တရားဥပဒေအရ ဆင့်ခေါ်မှ အဖမ်းခံမည်ဟု ကရင်နီလူငယ်ပြော
DVB
·
June 1, 2019
တရားဥပဒေအရ ဆင့်ခေါ်မှ အဖမ်းခံမည်ဟု ကရင်နီလူငယ်ပြော
Donate to DVB

တရားဥပဒေအရ ဆင့်ခေါ်ပါက သွားရောက်အဖမ်းခံမယ်လို့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံရတဲ့ ကရင်နီလူငယ်တွေက ပြောပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီလူငယ်တွေက မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ လူငယ် ၆ ဦးဖြစ်တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ မေလ ၁၆ ရက်နေ့က တရားစွဲဆိုထားတာပါ။

မေလ ၃၁ ရက်နေ့ညပိုင်းမှာတော့ ဒီလူငယ် ၆ ဦးကို အမှုအလိုရှိသူများအဖြစ် ကြေညာပြီး တွေ့ရှိပါက အနီးဆုံးရဲစခန်းကို အကြောင်းကြားပေးဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တရားစွဲဆိုခံရသူတဦးဖြစ်တဲ့ ခူးကြးဖဲကေးက “တရားဥပဒေအရ လုပ်မယ်ဆိုရင် ကျနော်တို့ကို ဆင့်ခေါ်ရမှာဖြစ်ပါတယ်။ ဒီလို ဆင့်ခေါ်ဖို့ဆိုတာကလည်း တရားရုံးက ထုတ်ပေးရမယ့် ဆင့်ခေါ်စာကို ဆိုလိုတာပါ။ လက်ရှိအခြေအနေအရ အမူက တရားရုံးကိုလည်း မရောက်သေးဘဲနဲ့ ရဲလက်ထဲမှာပဲ အခွင့်အာဏာရှိသေးတဲ့ ကိစ္စဖြစ်ပါတယ်။ ဥပဒေအရ တရားဝင်မှု မဖြစ်သေးတဲ့အချိန်မှာ အခုလို ဖမ်းဆီးဖို့ထိ လုပ်နေတာက ချိုးနှိမ်မှု တခုပဲလို့ ရူမြင်ပါတယ်။ ကျနော်တို့က တရားဥပဒေအရ တရားရုံးက ဆင့်ခေါ်စာ သုံးကြိမ်ပြည့်မှသာ ဝရမ်းပြေးအဖြစ် ကြေညာခံရမယ့်သူတွေပါ။ သို့သော် ဝရမ်းပြေး အဆင့်တောင် မဟုတ်သေးတဲ့ ကျနော်တို့တတွေကို အာဏာရှိသူက အာဏာလက်နက်ကို ကိုင်စွဲပြီး ဖိနှိပ်နေတာက အဖြေတော့မဟုတ်ပါဘူး။ ကျနော်တို့ အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်တဲ့သူတွေ၊ နောက်တိုင်းရင်းသား လူနည်းစု အခွင့်အရေးတောင်းဆိုသူတွေအတွက် အခုလိုမျိုး ဥပဒေတွေနဲ့ ခြိမ်းခြောက်နေတာကတော့ မြေစမ်း ခရမ်းပျို အစပြုနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်ကို အဟန့်အတားများစွာ ဖြစ်စေနိုင်ပါတယ်လို့ပဲ ရှူမြင်ပါတယ်” လို့ ပြောပါတယ်။

ကရင်နီလူငယ်ခေါင်းဆောင်တွေကို ၂၀၁၇ ခု နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ အမှုဖွင့်ထားတာပါ။

စွဲဆိုထားတဲ့ ပုဒ်မ ၁၀ အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ၆ လကနေ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရသလို ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ် ၃ သိန်းကနေ အများဆုံး ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013