DVB Logo
Home
Lead Story
ဇွန်လဆန်းတွင် ရုံတင်မည့် နာမည်ကြီး စူပါဟီးရိုးရုပ်ရှင် - X-Men: Dark Phoenix (နမူနာ)
DVB
·
May 31, 2019
ဇွန်လဆန်းတွင် ရုံတင်မည့် နာမည်ကြီး စူပါဟီးရိုးရုပ်ရှင် - X-Men: Dark Phoenix (နမူနာ)
Donate to DVB

နာမည်ကြီး X-Men စူပါဟီးရိုး ရုပ်ရှင်ကားတွေရဲ့ ၁၂ ကားမြောက်ရုပ်ရှင် ဖြစ်လာမယ့် X-Men: Dark Phoenix ရုပ်ရှင်ကို လာမယ့် ဇွန်လ ၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ 20th Century Fox ရုပ်ရှင်ကုမ္ပဏီက တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်ဖွား အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Simon Kinberg က သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားတာပါ။

Marvel Comics ဇာတ်ကောင်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်း ရိုက်ကူးခဲ့တဲ့ X-Men ရုပ်ရှင်ကားတွေဟာ ဝင်ငွေ စံချိန်တင်ရရှိခဲ့ပြီး ပရိသတ် လက်ခံအားပေးခဲ့တဲ့ ရုပ်ရှင်တွေဖြစ်တာမို့ ခုထွက်ရှိလာမယ့် Dark Phoenix ရုပ်ရှင်ကိုလည်း ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေတာပါ။

ဒီကားကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ X-Men: Apocalypse ရုပ်ရှင်နဲ့ တိုက်ရိုက်ချိတ်ဆက်မှာဖြစ်ပြီး Space ထဲကိုသွားတဲ့ Mission တခုမှာ မတော်တဆ ဖြစ်ရပ်တခုနဲ့ ကြုံတွေ့ရပြီး Phoenix ရဲ့ ပါဝါတွေဟာ အတိုင်းအဆမရှိ ကြီးမားသွားခဲ့တာကြောင့် X-Men အဖွဲ့သားတွေ ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ကြရတော့မယ့် အခြေအနေတွေကို ရှုစားကြရမှာပါ။

ဒီကားထဲမှာတော့ Dark Phoenix အဖြစ် ဗြိတိန်သရုပ်ဆောင်မင်းသမီး Sophie Turner က သရုပ်ဆောင်ထားပြီး တခြား နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ James McAvoy၊ Michael Fassbender၊ Jennifer Lawrence၊ Nicholas Hoult၊ Tye Sheridan စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။

ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

ကြာမြင့်ချိန် ၁၁၄ မိနစ်ရှိတဲ့ Dark Phoenix ရုပ်ရှင်ကားကို ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ ရိုက်ကူးထားပြီး အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ရုံမတင်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းကျော် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013