DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် မူလတန်းပြ ဆရာ၊ ဆရာမ ၃၄၇ ဦးကို အသစ်ခန့်အပ်
DVB
·
May 31, 2019
ကယားပြည်နယ်တွင် မူလတန်းပြ ဆရာ၊ ဆရာမ ၃၄၇ ဦးကို အသစ်ခန့်အပ်
Donate to DVB

ကယားပြည်နယ်မှာ အခု ၂၀၁၉-၂၀ အခြေခံပညာသင်နှစ်အတွက် မူလတန်းပြဆရာဆရာမအသစ် ၃၄၇ ဦးကို လွန်ခဲ့တဲ့ ရက်ပိုင်းက ခန့်အပ်လိုက်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။

ကယားပြည်နယ်ပညာရေးမှူးရုံး စီမံဌာနက ဒုညွန်ကြားရေးမှူး ဦးဝင်းစိုးက “ဆရာဆရာမ အင်အားကတော့ အခုကို ကျမတို့ မူလတန်းပြ ၃၄၇ ဦးခန့်ထားတာက ၃ ရက်လောက်ပဲ ရှိသေးတယ်။ အသစ်ခန့်တာတွေပေါ့နော်။ ဒါဒီနှစ်စာသင်နှစ် အလုပ်ဝင်မှာ၊ ၁ ရက်နေ့ကို စ၀င်ကြမှာ သင်တန်းဆင်းတွေ” လို့ ပြောပါတယ်။

ကယားပြည်နယ်မှာ အခုနှစ်အတွက် အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေအတွက် ဆရာဆရာမ အင်အား ၄၀၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ကျောင်းသူကျောင်းသား ၇၅၀၀၀ လောက်ရှိပြီး ဒီနှစ်မှာလည်း အလားတူ အင်အားလောက်ပဲ ရှိတယ်လို့ ခန့်မှန်းထားကြောင်း ဦးဝင်းစိုးက ပြောပါတယ်။

မေ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းအပ်နှံရေး သတင်းပတ် သတ်မှတ်ထားပြီး ကယားပြည်နယ်မှာတော့ မြို့နယ်အလိုက်  ကျောင်းအပ်နှံရေး အခမ်းအနားတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီနှစ်ကျောင်းသူကျောင်းသားတွေအတွက် ပညာသင်ထောက်ပံ့မှုအနေနဲ့ ကျောင်းအပ်နှံရင် ကျောင်းသုံး ဖတ်စာအုပ်တွေ တစုံစီ အခမဲ့ပေးဝေသလို ဗလာစာအုပ်တွေကိုလည်း ထောက်ပံ့တယ်လို့ ဦးဝင်းစိုးက ပြောပါတယ်။

“KG ကနေပြီးတော့ Grade 11 အထိပေါ့ အဲဒါတွေကတော့ ကျနော်တို့ ကျောင်းသုံးဖတ်စာအုပ်တွေ၊ တစုံစီ အခမဲ့ထောက်ပံ့တယ်ဗျာ။ နောက်မူလတန်းအဆင့်ကို ဗလာစာအုပ် တဒါဇင် အခမဲ့ထောက်ပံတယ်ဗျာ။ ကလေးတိုင်း မူလတန်းအဆင့်ဟာ ကျောင်းသုံးစာအုပ် တစုံစီပါမယ်။ နောက်ဗလာစာအုပ် တဒါဇင်စီပါမယ်ဗျာ။ အဲဒီကျောင်းသုံးစာအုပ်နဲ့ ဗလာစာအုပ်ကိုလည်း ကျနော်တို့ မြို့တယ်တွေ၊ ခရိုင်တွေအထိကို ကျနော်တို့အကုန်လုံး အရောက်ပို့ထားပြီးပြီ၊ ဗလာစာအုပ်လည်း အရောက်ပို့ထားပြီးပြီဗျာ။ အကုန်လုံး လောက်အောင်ပို့ထားပြီးပြီ။ ကျောင်းအပ်တာနဲ့ အဲဒါတွေ ရတယ်ဗျာ။”

ဒါ့အပြင် လာမယ့်ဇွန်လကစပြီး ကျောင်းအာဟာရ တိုက်ကြွေးတဲ့အစီအစဉ်နဲ့ အခုနှစ်မှာ မယ်စဲ့မြို့နယ်နဲ့ ဘောလခဲမြို့နယ်မှာ ပေးဝေမယ်လို့လည်း ပြောပါတယ်။

လွိုင်ကော်မြို့ အခြေခံပညာမူလတန်းကျောင်းမှာ ကျောင်းသွားအပ်တဲ့ မိဘတချို့ကို မေးမြန်းရာမှာတော့ ကျောင်းသုံးဖတ်စာအုပ်သာ ရရှိပြီး ဗလာစာအုပ် မရသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျမမြေးလေးကို အလက ၆ မှာ သွားအပ်ထားတယ်။ သူက ၂ တန်းတက်ရမယ်။ ကျောင်းအပ်တာ ကျောင်းသုံးဖတ်စာအုပ်တော့ ရတယ်။ ဗလာစာအုပ်တော့ မရသေးဘူး။”

ကျောင်းသားမိဘ     နောက်တဦးကလည်း “ကျမ သားငယ်ကို အထက ၄ မှာ KG သွားအပ်ထားတယ်။ ကျောင်းသုံးစာအုပ်တော့ ရတယ်။ ဗလာစာအုပ်တော့မရဘူး” လို့ ပြောပါတယ်။

အခုနှစ်အတွက် ကျောင်းအပ်နှံရေးကာလမှာ တစုံတရာ အခက်အခဲတက်လာတာ မရှိသေးဘူးလို့လည်း ပညာရေးမှူးရုံး စီမံဌာနက ဒုညွန်ကြားရေးမှူး ဦးဝင်းစိုးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013