DVB Logo
Home
မြန်မာသတင်း
နှီးဒေါင်းလန်းဝတ်စုံဖြင့် National Costume Winner ဆုရ မုံရွာအလှမယ်
DVB
·
May 31, 2019
နှီးဒေါင်းလန်းဝတ်စုံဖြင့် National Costume Winner ဆုရ မုံရွာအလှမယ်
1 / 6
Donate to DVB

၂၀၁၉ ခုနှစ်အတွက် မယ်စကြ၀ဠာမြန်မာ အလှမယ်ပြိုင်ပွဲမှာ အမျိုးသားဝတ်စုံဆုကို မုံရွာအလှမယ် မီမီဇင်ရဲ့ ဆန်းပြားလှပတဲ့ နှီးဒေါင်းလန်းဝတ်စုံက National Costume Winner ဆုကို ရရှိခဲ့ပါတယ်။

၇ ကြိမ်မြောက် ကျင်းပတဲ့ ၂၀၁၉ ခုနှစ် မယ်စကြ၀ဠာမြန်မာ အလှမယ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ မေလ ၂၅ ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ထိပ်တန်း Top 5 အဆင့်မှာတော့ မုံရွာအလှမယ်နဲ့အတူ မူဆယ်ကိုယ်စားပြု အလှမယ် မေရီ ထောင်းထောင်း၊ ဘားအံ ကိုယ်စားပြုအလှမယ် ဆွေဇင်ထက်၊ တာချီလိတ် ကိုယ်စားပြုအလှမယ် ဆုလာဘ်နွယ်၊ ပုသိမ်ကိုယ်စားပြုအလှမယ် ဆုဆုစန္ဒီတို့က ရွေး ချယ်ခံခဲ့ရတာဖြစ်ပြီး ပရိသတ်က မဲပေးရွေးချယ်တဲ့ People Choice National Costume Award ဆုကိုတော့ တောင်ကြီးအလှမယ်က ရရှိခဲ့ပါတယ်။

အခုဆုရရှိသွားတဲ့ မုံရွာအလှမယ်ရဲ့ ၀တ်စုံကတော့ ပြိုင်ပွဲဝင်အလှမယ်တွေကြားမှာ ထင်ရှားနေခဲ့ပြီး မြန်မာမှု အငွေ့အသက်တွေ ပေါ်လွင်နေခဲ့တာကို တွေ့ရပါတယ်။

ဒီဇိုင်နာ သဲစန္ဒီဦး ဖန်တီးထားတဲ့ ဒီဝတ်စုံရဲ့ အမည်ကိုတော့ သီရိဝစ္ဆဒေဝီ (လှပပြေပြစ်သော မင်းသမီး) လို့ အမည်ပေးထားခဲ့တာပါ။

မုံရွာ၊ မုံရွေးကြေးမုံမှာ တချိန်က ထွန်းကားခဲ့တဲ့ လက်မှုပညာဖြစ်တဲ့ ၀ါးကိုအခြေခံပြီး ပြုလုပ်ဖန်တီးထားတဲ့ နှီးဒေါင်းလန်းပုံဝတ်စုံနဲ့ လက်ကရေတကောင်းကို ကိုင်ဆောင်ထားပြီး ရေငှဲ့သောက်ဟန်နဲ့ နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေမယ့်အသွင် အလှမယ် မီမီဇင်က တင်ဆက်ခဲ့ပြီး ၀တ်စုံရဲ့ အနောက်ဘက်မှာလည်း မုံရွာရဲ့ အသက်သွေးကြော ချင်းတွင်းမြစ်ကိုပါ ထည့်သွင်းပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။

မယ်စကြ၀ဠာအလှမယ်ပြိုင်ပွဲရဲ့ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ ၂၀၁၆ ခုနှစ်က မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ် မယ်စကြ၀ဠာအလှမယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်ကိုတော့ ဒီကနေ့ည နေ ၆ နာရီမှာ ရန်ကုန်မြို့၊ Novotel Hotel Grand Ballroom မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar အလှမယ်ဆုကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး  ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်တို့က ရရှိခဲ့ကြပြီး အခုကျင်းပမယ့် ပြိုင်ပွဲကတော့ ၇ ယောက်မြောက် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြ၀ဠာအလှမယ် ဖြစ်လာမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013