DVB Logo
Home
မြန်မာသတင်း
ချန်နယ်မန္တလေးရုပ်သံ သတင်းထောက် အကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြ
DVB
·
May 31, 2019
ချန်နယ်မန္တလေးရုပ်သံ သတင်းထောက် အကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြ
Donate to DVB

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မန္တလေးအခြေစိုက် Channel Mandalay TV သတင်းထောက် ကိုအောင်ကြည်မြင့် (ခ) နန္ဒတစ်ကိုယ်တော်ဟာ အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့အပြစ်မရှိသူကို ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး မတရားတရားစွဲဆိုခဲ့တာကြောင့် အခုလိုဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ သတင်းထောက် ကိုအောင်ကြည်မြင့်က သူနဲ့ မန္တလေးဗဟို အကျဉ်းထောင်မှာတခန်းထဲအတူနေတဲ့ ကိုနိုင်ရဲဝေ တရားရုံထုတ် ထွက်လာစဉ်မှာ သတင်းစကားပါးလိုက်တာလည်းဖြစ်ပါတယ်။

မနေ့ညနေ ၅နာရီကနေစပြီး အစာငတ်ခံ ဆန္ဒထုတ်ဖော်မှာ ဖြစ်တဲ့အကြောင်း သက်ဆိုင်ရာထောင်မှူးကို အသိပေးခဲ့ရာမှာ ထောင်မှူးကတဆင့် ထောင်ပိုင်ကြီးကို စာတင် အကြောင်းကြားပေးခဲ့တယ်လို့ ကိုနိုင်ရဲဝေက ပြောပါတယ်။

“ထောင်ပိုင်က ဆန္ဒမပြဖို့တားတယ်။ ဆန္ဒပြမယ်ဆိုရင်တော့ အကျဉ်းထောင် ဥပဒေအတိုင်း အရေးယူမယ်လို့ ပြောတယ်။ ထောင်ပိုင်က ခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်တယ်။ အခုကျနော်နေတဲ့ တိုက်ကနေထောင်နဲ့ အဝေးဆုံးတိုက် (၆) အခန်း (၇) ကိုပို့ထားတယ်။ အရင်က တိုက် ၄ အခန်း (၁) မှာထားတယ်။ မင်းအခုလို အစာငါတ်ခံဆန္ဒပြမယ်ဆိုရင်တော့ အခုလို တိုက်ပိတ်ထားရ လိမ့်မယ်လို့ ထောင်ပိုင်ကပြောတယ်။”

မန္တလေးဗဟိုအကျဉ်းထောင်က ထောင်ပိုင်ဖြစ်တဲ့ ဦးချိုဝင်းထွန်းကို ဆက်သွယ်မေးမြန်းရာ မှာတော့ အစာငတ်ခံဆန္ဒပြတဲ့သတင်းမဟုတ်မှန် ကြောင်းငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးဖို့ ရွာသားတွေက ဆန္ဒပြစဉ် ရဲလုံခြုံရေးနဲ့ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်နှိမ်နင်းလူစုခွဲရာမှာ  လူ ၂၀ လောက် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

သတင်းထောက် ကိုအောင်ကြည်မြင့်ဟာ ရဲလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရွာသားတွေ ထိပ်တိုက်တွေ့ပြီး ပဋိပက္ခဖြစ်နေတာနဲ့ ပတ်သက်ပြီး  ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက် ထုတ်လွှင့်နေချိန်မှာ သူ့ရဲ့ ဖုန်းကို ပိတ်ခိုင်းပြီးရဲက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက် အောင်ကြည်မြင့်နဲ့အတူ အောင်သပြေကျေးရွာဒေသခံ ကိုမင်းနိုင်နဲ့ ကိုချစ်မင်းသူတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၁၄၊ ၄၃၅၊ ၃၃၃ တို့နဲ့ အမှုဖွင့်ထားပြီး ပုသိမ်ကြီးမြို့နယ် တရားရုံးမှာချုပ်ရက် ရမန်ယူကာ မန္တလေးအိုးဘို အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013