DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအလံ မီးရှို့ဖျက်ဆီးသူကို လိုက်လံဖမ်းဆီးဆဲ
DVB
·
November 13, 2012
အန်အယ်လ်ဒီအလံ မီးရှို့ဖျက်ဆီးသူကို လိုက်လံဖမ်းဆီးဆဲ
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရဲ့ ပါတီအလံကို ရွာသားတဦးက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဖြုတ်ချမီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ကိုအောင်သိန်းရွှေဆိုသူက ပါတီအလံကိုဖြတ်ပြီး အစိတ်စိတ်အမြွှာမြွှာဆုတ်ဖြဲပြီး  မီးရှို့ခဲ့တာလို့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်နယ်စည်းအဖွဲ့ဝင် ကိုမင်းအောင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေကို တိုင်ကြားပြီး ဒီနေ့မှာတော့ ရဲစခန်းက လိုက်လံဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

“ငရုတ်တောင်ကျေးရွာက ဒီအကြောင်း ကျနော်တို့ကို ဖုန်းဆက်ပြောတော့ မြို့နယ်မှူးဆီ တခါတည်း စာရေးတိုင်ကြားတယ်။ ဒီညနေ ၅ နာရီလောက်မှာပဲ ရဲစခန်း စခန်းမှူးဆီ အကြောင်းကြားပြီး ဖမ်းဖို့ ညွှန်ကြားလိုက်တယ်။ ၁၁ ရက်နေ့ မနက်မှာ သွားဖမ်းတော့ အလံကို မီးရှို့ဖျက်ဆီး ဆွဲဖြဲထားတဲ့သူက တိမ်းရှောင်ထွက်ပြေးသွားတယ်တဲ့။ အခု တရားခံဖမ်းဖို့ ကျောက်ဖြူဘက် လိုက်သွားကြတယ် ပြောတယ်၊ တရားခံက ကျောက်ဖြူဘက် ထွက်ပြေးသွားတာ။”

ဘာကြောင့် အန်အယ်လ်ဒီပါတီအလံကို မီးရှို့ဖျက်ဆီးလဲဆိုတာကို မသိရပေမယ့် ဖျက်ဆီးသူကို ဖမ်းမိတဲ့အချိန်ကျမှ မေးမြန်းရမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ငရုတ်တောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက် နေ့က ကျင်းပခဲ့ပါတယ်။

တောင်ကုတ်မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုရှိတဲ့အနက် ကျေးရွာအုပ်စုပေါင်း ၃၃ အုပ်စုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေ ဖွင့်လှစ်နိုင်ခဲ့ပြီး အဖွဲ့ဝင်လက်မှတ် ထုတ်ပေးထားသူ စုစုပေါင်း ၃၀၀၀ ကျော်ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013