DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် လဲချားတွင် ရှေးဟောင်းဆင်းတုတော် အမြောက်အမြား တူးဖော်တွေ့ရှိ
DVB
·
May 30, 2019
ရှမ်းပြည်နယ် လဲချားတွင် ရှေးဟောင်းဆင်းတုတော် အမြောက်အမြား တူးဖော်တွေ့ရှိ
1 / 8
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် လဲချားမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ် ရာကျော်က ရှေးဟောင်းဆင်းထုတော်နဲ့ ဗုဒ္ဓသာသနာဆိုင်ရာ ရုပ်တုတွေ တူးဖော်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က  ကျောင်းတိုက်ပိုင်မြေကို တိုင်းထွာဖို့အတွက် သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ထူးခြားတဲ့ မြေအုတ်တခု အနည်းငယ်ပေါ်နေတဲ့နေရာကို  တူးဖော်ကြည့်ရာမှ ရှေးဟောင်းဆင်းတုတွေ အမြောက်အမြား ဆက်လက်တူးဖော်တွေ့ရှိတာလို့ ကျောင်းထိုင်ဆရာတော် အရှင်ဒေါက်တာ ပဏ္ဍ၀က ဒီဗွီဘီကို မိန့်ပါတယ်။

“အဲဒီနေ့မနက်က ဘုန်းဘုန်းရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဒကာ ရွာသားတွေက ကျောင်းတိုက်အပြင်ဘက်က ကျောင်းမြေကို တိုင်းထွာဖို့သွားကြတယ်။ စိုင်းအိုက်ဆိုတဲ့ ဒကာ တယောက်က  စေတီဟောင်းရဲ့ကုန်းမြေတခုမှာ အဖြူရောင်အုတ်သားလေး နည်းနည်းပေါ်နေ တာတွေ့လို့ ဖယ်ကြည့်တော့ အုတ်ချပ်အရင်တွေ့တယ်၊ ဆက်တူးတော့ ဆင်းထုတော်ရဲ့ ခေါင်းပိုင်း ကိုတွေ့တာ၊ အမြင့် ၄ ပေကျော်ရှိတဲ့ မြေပေါက်ဘုရားဖြစ်ပါတယ်။ သက်တမ်းနှစ်ရာကျော်ရှိ ရှေးဘုရားဖြစ်တယ်၊ ရွှေသားစစ်စစ် ဆင်းထုတော်တဆူ၊ ငွေသားနဲ့ ထုထားတဲ့ ဆင်းထုတော် ၄ ဆူပါတယ်။”

အဲဒီနေ့ကစပြီး ဒီနေ့ထိ နားလိုက် ရပ်လိုက်နဲ့ ဆက်လက်တူးဖော်နေရာမှာ မေ ၂၇ ရက်နေ့ထိ ဆင်းတုတော်ပေါင်း ၁၃၅ ဆူနဲ့ ဗုဒ္ဓ၀င်ဆိုင်ရာ ကျောင်းဆောင်တွေ၊ ဇော်ဂျီရုပ်၊ ရဟန်းရုပ်၊ မြင်းရုပ်၊ ရှေးစစ်သည်တော်ရုပ်၊ သပိတ်စတဲ့ အရုပ်တွေ၊ အကျိုးအပဲ့တွေကိုပါ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

တူးဖော်ရရှိတဲ့ ရှေးဟောင်းဆင်းတုတော်တွေကို ယာယီစံနန်းမှာ ပင့်ဆောင်ထားပြီး တိုင်းမှူးနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေလည်း လာရောက်ဖူးမြော်ခဲ့ကြောင်း၊ အဆိုပါ ရုပ်တုတွေကိုတော့ သက်ဆိုင်ရာ ရှေးဟောင်းယဉ်ကျေးမှုဌာနကို အပ်နှံမှာမဟုတ်ဘဲ ကျောင်း တိုက်မှာ ပြတိုက်လုပ်ပြီး အများသူငှာ လေ့လာဖူးမြော်ရအောင် ထားရှိသွားမယ်လို့  ဆရာတော်က မိန့်ပါတယ်။

အဆိုပါနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကလည်း အလေးချိန် ၃၃၀ ပိဿာရှိ ကြေးသွန်းရှေးဟောင်းဘုရားတဆူလည်း တူးဖော်တွေ့ရှိခဲ့ပြီး လဲချားမြို့ဦးစေတီဘုရားမှာ ပင့်ဆောင်ကိုးကွယ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013