DVB Logo
Home
မြန်မာသတင်း
“မြန်မာတွေကိုယ်တိုင် ကြိုးစားရမယ်… ကိုယ်ကိုယ်တိုင်သာ ထုဆစ်ကြမယ်”-လေးဖြူသီချင်းသစ် (ရုပ်သံ)
DVB
·
May 30, 2019
“မြန်မာတွေကိုယ်တိုင် ကြိုးစားရမယ်… ကိုယ်ကိုယ်တိုင်သာ ထုဆစ်ကြမယ်”-လေးဖြူသီချင်းသစ် (ရုပ်သံ)
Donate to DVB

“မြန်မာတွေကိုယ်တိုင် ကြိုးစားရမယ်… ကိုယ်ကိုယ်တိုင်သာ ထုဆစ်ကြမယ်… အချိန်တန်ရင် တနေ့တော့ရောက်မယ်… စုံညီဖို့လည်း မဝေးပြီမို့… အသင့်ပြင်ထားလိုက်”

ဒါကတော့ အသစ်ထွက်ရှိလာတဲ့ နာမည်ကြီး ရော့ခ်တေးသံရှင် လေးဖြူရဲ့ သီချင်း သစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

“တွေဝေငိုင်ကာ မတွေးနဲ့တော့လေ… ကိုယ်ကိုယ်တိုင်သာ ဘ၀မှာ စောင့်ရှောက်ရာတို့ ရှိပါစေလေ… ပေတေထိုင်ကာ မဆွေးနဲ့တော့လေ… ကိုယ်စီပိုင်တဲ့ ဘ၀တွေ… တို့ ကိုယ်တိုင်ပဲ အားထားလေ”

မြန်မာကိုယ်တိုင်လို့ အမည်ပေးထားတဲ့ ဒီသီချင်းရဲ့ သံစဉ်ကိုတော့ လေးဖြူကိုယ် တိုင်ဖန်တီးထားခဲ့တာဖြစ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ စာသားတွေကိုတော့ ခွန်ဝင်းနောင်က ရေးဖွဲ့ပေးထားခဲ့တာ ဖြစ်ပါတယ်။

“လမ်းဟောင်းတွေ တွန်းလို့ဖယ်… လမ်းသစ်တွေ ပြောင်းလဲဖို့ ယုံကြည်… ယုံ ကြည်စိတ်ထားလို့… မြန်မာတွေကိုယ်တိုင် ကြိုးစားရမယ်… ကိုယ်ကိုယ်တိုင်သာ ထုဆစ် ကြမယ်… အချိန်တန်ရင် တနေ့တော့ရောက်မယ်… စုံညီဖို့လည်း မဝေးပြီမို့… အသင့်ပြင် ထားလိုက်”

လမ်းဟောင်းတွေကို တွန်းဖယ်ပြီး ယုံကြည်စိတ်အပြည့်နဲ့ လမ်းသစ်ဖောက်ပြီး ကိုယ်စီကြိုးစားကြဖို့ တွန်းအားပေးရေးဖွဲ့ထားတဲ့ ဒီသီချင်းဟာ လေးဖြူရဲ့ အင်အားပါတဲ့ သီဆိုမှုပုံစံနဲ့ တမူထူးခြားနေခဲ့တာပါ။

လတ်တလောမှာတော့ ဒီသီချင်းဟာ လေးဖြူ အမာခံပရိသတ်တွေကြားမှာတော့ နာရီပိုင်းအတွင်း ၀င်ရောက်ကြည့်ရှုသူ သောင်းနဲ့ချီ ရှိနေခဲ့ပြီး ရေပန်းစားနေတာပါ။

“မြန်မာတွေကိုယ်တိုင် ကြိုးစားရမယ်… ကိုယ်ကိုယ်တိုင်သာ ထုဆစ်ကြမယ်… အချိန်တန်ရင် တနေ့တော့ရမယ်… စုံညီဖို့လည်း မဝေးတော့လို့… အသင့်ပြင်ထားတော့လေ”

အသက် ၅၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် လေးဖြူဟာ ကန္တာရလမင်း၊ ပင်လယ်အော်သံစတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တွေနဲ့ ၁၉၉၀ ပြည့်လွန်ကာလ တွေကတည်းက ဂီတလောကထဲကို ၀င်ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ ပရိ သတ်အားပေးမှု အခိုင်အမာ ရရှိနေဆဲ ဖစ်တဲ့ ၀ါရင့်အဆိုတော်တဦးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013