DVB Logo
Home
မြန်မာသတင်း
ကလောမြို့တွင် နေအိမ်မီးလောင်၊ အမျိုးသမီး ၂ ဦးသေဆုံး
DVB
·
May 30, 2019
ကလောမြို့တွင် နေအိမ်မီးလောင်၊ အမျိုးသမီး ၂ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့  ၅ ရပ်ကွက် နတ်စင်လမ်းရှိ အိမ်တအိမ်မှာ မနေ့ညက စက်သုံးဆီဖြည့်တဲ့နေရာအနီး လျှပ်စစ်ခြင်ရိုက်ဘက်တံနဲ့ ခြင်ရိုက်ရာက မီးပွင့်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့လို့ အမျိုးသမီး ၂ ဦး သေဆုံးသွားပါတယ်။

မီးလောင်မှု ဖြစ်ပွားတာကို မီးသတ်ကား ၆ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ ကလောမြို့နယ် မီးသတ်ဌာနမှ မီးသတ်တပ်ကြပ်ကြီး ကျော်ကျော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဓာတ်ဆီရောင်းတဲ့နေရာနားမှာ ဆိုင်ကယ်ဆီဖြည့်နေတုန်း ကလေးက ခြင်ရိုက်ဘက်တံနဲ့ ခြင်ရိုက်တော့ မီးပွင့်ပြီး လောင်တယ်လို့ သိရတယ်ခင်ဗျ။ မီးလောင်တယ်လို့ ပြည်သူတွေ လာအကြောင်းကြားတာ ည ၇ နာရီ ၂၃ မိနစ်၊ ချက်ချင်းပဲ ကလောမီးသတ်ဌာနက ကား ၄ စီး၊ အောင်ပန်း မီးသတ်က ၂ စီး၊  သံလျင်မီး သတ်တပ်ဖွဲ့ဝင်နဲ့ အရန်ပါ အားလုံးအင်အား ၄၀ ကျော် ရပ်ကွက်ထဲက ပြည်သူတွေနဲ့အတူ ၀ိုင်းငြိမ်းကြတယ်။ ၇ နာရီ မိနစ် ၄၀ မှာ မီးထိန်းနိုင်ပြီး ၈ နာရီလောက်မှာ လုံးဝငြိမ်းသွားတယ်။ ဒါပေမယ့် အမျိုးသမီး ၂ ဦးကတော့ မီးထဲမှာပဲ ပွဲချင်းပြီးဆုံးတယ်။ အိမ်ခန်း ၄ ခန်းပါသွားတယ်၊ ကားရောဆိုင်ကယ်ရောပါတယ်။”

သေဆုံးသူ ၂ ဦးမှာ အိမ်ရှင် ဒေါ်စန်းစန်းဝင်း (၅၀ နှစ်) နဲ့ အလုပ်သမား မမေဇင်ဦး (၂၂ နှစ်) တို့ဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးနဲ့ မစိုးမြတ်နိုးဝတီ ၃ နှစ် (ခြင်ရိုက်သူ) တို့ မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ) တွေ ရရှိခဲ့လို့ ကလောပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ တထပ်တန်းလျား ၈ ခန်းတွဲနေအိမ်ရဲ့ လိုင်းခန်း ၄ ခန်း မီးထဲပါသွားပြီး ခရူဇာအမျိုးအစား ကားတစီးနဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၄ စီးတို့ပါ လောင်ကျွမ်းသွားတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး ကလောမြို့မ ရဲစခန်းက အိမ်ရှင် ဒေါ်စန်းစန်းဝင်း (သေဆုံး) ကို  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၈၅ (ပေါ့လျော့မှုကြောင့် လူသေစေမှု၊ သာမန်နာကျင်စေမှု၊ မီးပေါ့ဆမှု) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013