DVB Logo
Home
သတင်းတို
ရခိုင်ကော်မရှင် အဖွဲ့ဝင်၂ ဦး ထုတ်ပယ်သည့်ကိစ္စ သမ္မတရုံးက အကြောင်းမပြန်သေး
DVB
·
November 13, 2012
ရခိုင်ကော်မရှင် အဖွဲ့ဝင်၂ ဦး ထုတ်ပယ်သည့်ကိစ္စ သမ္မတရုံးက အကြောင်းမပြန်သေး
Donate to DVB

ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဟာဂျီ ဦးညွန့်မောင်ရှိန်နဲ့ ဟာဂျီ ဦးတင်မောင်သန်းတို့ကို ဘယ်လို အကြောင်းကြောင့် ထုတ်ပယ်တယ်ဆိုတာကို သမ္မတရုံးဆီ တင်ပြမေးမြန်းထားတဲ့ကိစ္စ ဒီနေ့အချိန်ထိ တိတိကျကျ အဖြေ မသိရသေးဘူးလို့ ကော်မတီဝင် အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

ဒီအဖွဲ့ဝင်၂ ဦးကို ယာယီ ထုတ်ပယ်တာလား၊ အပြီးအပိုင် ထုတ်ပယ်တာလား စသဖြင့် တိတိကျကျ သိဖို့ ကော်မရှင်ရဲ့ နိုဝင်ဘာ ၆ ရက်အစည်းအဝေးက ဆုံးဖြတ်ပြီး သမ္မတရုံးဆီ မေးမြန်း ထားတာ ဖြစ်ပါတယ်။

မိမိတို့ ကော်မရှင်အဖွဲ့ဝင်တွေ ကိုယ်တိုင် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စည်းကမ်းတွေ ချိုးဖောက်မိလို့ ထုတ်ပယ်ခံရတာမျိုး ဖြစ်နိုင်ကြောင်းလောက်ပဲ သိထားတယ်လို့ ဦးခင်မောင်ဆွေက ရှင်းပြပါတယ်။

ကော်မရှင်အဖွဲ့ဝင် ၂ ဦးကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်နားကြောင်း ဒီလဆန်း ၁ ရက်နေ့မှာ အသိပေးအကြောင်းကြားခဲ့ကြောင်း၊ တာဝန်ကနေ ရပ်စဲရတဲ့အကြောင်းရင်းကိုတော့ ရှင်းမပြဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ၊ ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် ၂၇ ဦးပါ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဩဂုတ် ၁၇ ရက်နေ့မှာ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013