DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက်
DVB
·
May 30, 2019
သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက်
Donate to DVB

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဒီကနေ့မနက်က နေပြည်တော်ကနေ မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်နဲ့  ထွက်ခွာသွား ပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်အရ  ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်ဖို့ သွားရောက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့အတူ  အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြတယ်လို့ အစိုးရကသတင်းထုတ်ပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မေလ ၃၀ ရက်နေ့ နယူးဒေလီမြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေက သမ္မတတွေ၊ နီပေါနဲ့ ဘူတန်နိုင်ငံက ၀န်ကြီးချုပ်တွေ အပါအ၀င် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပပြီးစီးသွားတဲ့ အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မိုဒီရဲ့ ဟိန္ဒူအမျိုးသားဝါဒီ (ဘီဂျေပီ) ပါတီက မဲအပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013