DVB Logo
Home
Lead Story
Galaxy Star ဆုရှင် နေမင်းအိမ်ရဲ့ “ဘောင်မ၀င်တဲ့ကောင်”သီချင်းသစ် (ရုပ်သံ)
DVB
·
May 30, 2019
Galaxy Star ဆုရှင် နေမင်းအိမ်ရဲ့ “ဘောင်မ၀င်တဲ့ကောင်”သီချင်းသစ် (ရုပ်သံ)
Donate to DVB

“နင့်အမြင်မှာ ငါဟာပေတေပြီး… အတော်အသုံးမကျတဲ့ကောင်… အမြဲတမ်းငါ ဒုက္ခပေးနေတဲ့ကောင်… ငါ့ရင်ကို နင်လိုသလိုချပြီး တက်နင်းပစ်ခဲ့တာတောင်… အခုထိငါ မုန်းလို့မရနိုင်တဲ့ကောင်”

ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ ဘောင်မ၀င်တဲ့ကောင် အမည်ရတဲ့ သီ ချင်းသစ်တပုဒ်ဖြစ်ပြီး ဒီသီချင်းကိုတော့ နာမည်ကြီးတေးရေးဆရာ ဝေကြီးက ရေးစပ် ထားခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းကို သီဆိုထားသူကတော့ ၂၀၁၇ ခုနှစ် Galaxy Star Myanmar သီချင်း ဆိုပြိုင်ပွဲရဲ့ Winner ဆုရှင် တေးသံရှင် နေမင်းအိမ် ဖြစ်ပါတယ်။

“တခါတလေ ငါ့ကိုယ်ငါ မုန်းတယ်… နင့်ကိုအချစ်ဆုံးတဲ့… ငါ ဘာမှ အသုံးမကျတဲ့ ကောင်… လူဖြစ်ပြီး အကျိုးမရှိတဲ့ကောင်… နင်သေဆိုသေ… ရှင်ဆိုရှင်… အသက်မပါ တဲ့ကောင်… ငါဘာမှ အဖြစ်မရှိတဲ့ကောင်… အရာရာတိုင်း အသုံးမ၀င်တဲ့ကောင်”

ဆုရရှိတဲ့ Winner ဟာ ဆုကြေးငွေ မြန်မာငွေသိန်း ၁၀၀၀ နဲ့ ကိုရီးယားနိုင်ငံမှာ တကိုယ်တော်တေးအယ်လ်ဘမ် ရိုက်ကူးထုတ်ခွင့်ရရှိနိုင်မယ်ဆိုတဲ့ ဆုကြေးတွေနဲ့ Galaxy Star Myanmar သီချင်းဆိုပြိုင်ပွဲဟာလည်း ပရိသတ်အားပေးမှုရှိခဲ့တဲ့ ပြိုင်ပွဲ တ ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် နေမင်းအိမ်ကတော့ နောက်ပိုင်းမှာ စာချုပ်ကို ဖျက်သိမ်းခဲ့ပြီး အနုပညာ အလုပ်တွေကို တကိုယ်တော်ဆက်လက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“ငါ ဘာမှ အသုံးမကျတဲ့ကောင်… လူဖြစ်ပြီး အကျိုးမရှိတဲ့ကောင်… နင်သေဆို သေ… ရှင်ဆိုရှင်… အသက်မပါတဲ့ကောင်… ငါဘာမှ အဖြစ်မရှိတဲ့ကောင်… အရာရာ တိုင်း အသုံးမ၀င်တဲ့ကောင် ဖြစ်သင့်ပါတယ် မုန်းသင့်ပါတယ်… မင်းဘေးမှာရှိနေခဲ့တာ ဘောင်မဝင်တဲ့ကောင်”

အရေးအကြီးဆုံး အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ်ထွက်ရှိထားတဲ့ နေမင်းအိမ်ရဲ့ ခံစားချက်နဲ့ သီဆိုမှုဟာ ဘောင်မ၀င်တဲ့ကောင်သီချင်းနဲ့ လိုက်ဖက်နေခဲ့ တာကို တွေ့ရပါတယ်။

ကော်နီရဲ့ ဆေးအပါအ၀င် တေးရေး ဝေကြီး ရေးစပ်ပေးခဲ့ပြီး အဆိုတော်ပေါင်းများ စွာသီဆိုထားခဲ့တဲ့ သီချင်းတွေဟာ များသောအားဖြင့် အလွမ်းအဆွေး၊ အသည်းကွဲသီ ချင်းတွေ ဖြစ်နေခဲ့တာကလည်း ထူးခြားနေပါတယ်။

ခုလက်ရှိထွက်ရှိလာတဲ့ ဘောင်မ၀င်တဲ့ကောင်သီချင်းနဲ့ ပတ်သက်ပြီး ဝေကြီးက တော့ ခုလိုမှတ်ချက်ပေးထားခဲ့တာကို တွေ့ရပါတယ်။

“#ဘောင်မဝင်တဲ့ကောင်… စာသားတွေထဲမှာ ကျနော့်ခံစားချက်တွေပါတယ်... အကြီးကြီးအောင်မြင်ပါစေ bro Nay Min Eain ရေ🎶🎶🎶”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013