DVB Logo
Home
မြန်မာသတင်း
ဒေါင်းတို့မျိုးဆက် သံချပ်​အဖွဲ့ကို တရားရုံးထုတ်​စဉ်​ ရုန်းရင်းဆန်​ခတ်​ ဖြစ်​ပွား
DVB
·
May 30, 2019
ဒေါင်းတို့မျိုးဆက် သံချပ်​အဖွဲ့ကို တရားရုံးထုတ်​စဉ်​ ရုန်းရင်းဆန်​ခတ်​ ဖြစ်​ပွား
Donate to DVB

တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို ရန်ကုန်  မရမ်းကုန်းမြို့နယ် တရားရုံးမှာ မေလ ၂၉ ရက်ညနေက ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို စစ်ဆေးဖို့ အင်းစိန်ထောင်ကနေ တရားရုံးကို ခေါ်ဆောင်လာပြီး စစ်ဆေးမှု မပြုလုပ်ခင် သူတို့ရှေ့နေတွေနဲ့ တွေ့ခွင့်တောင်းရာမှာ တွေ့ခွင့်မရတဲ့ အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

ရဲစည်းကမ်းနဲ့ မညီညွတ်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့် အခုလို ပြဿနာတက်တာလို့ တရားစွဲခံထားရသူ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဇေယျာလွင်က ပြောပါတယ်။

အခုလို ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ တရားရုံးထုတ်တဲ့ ပုံစံဟာ ဆိုးရွားတဲ့ပုံစံ ဖြစ်နေတယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ဒါကြောင့် လုံခြုံရေးတင်းကျပ်မှုနဲ့ ပတ်သက်ပြီး ပြဿနာမဖြစ်ရလေအောင် ပြီးခဲ့တဲ့ ၂ ရက်လောက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် ရန်ကုန်တိုင်းရဲမှူး၊ အနောက်ပိုင်းခရိုင်ရဲမှူး၊ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ တရားသူကြီးဆီကို စာတင်ထားပေမယ့် အခုချိန်ထိ လုံခြုံရေးပိုင်းက တင်းကျပ်နေဆဲလို့လည်း ရှေ့နေက ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကျောင်းသားလူငယ် ၅ ဦးကို ပြီးခဲ့တဲ့ သင်္ကြန်ကာလက သံချပ်သီဆို ဖျော်ဖြေရာမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်တယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုလုပ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

သတင်း - နေလင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013