DVB Logo
Home
မြန်မာသတင်း
အသေးစားစက်မှုလက်မှုထုတ်ကုန်နှင့် အနုထည်ပစ္စည်းပြပွဲ မုံရွာတွင်ပြုလုပ်
DVB
·
May 29, 2019
အသေးစားစက်မှုလက်မှုထုတ်ကုန်နှင့် အနုထည်ပစ္စည်းပြပွဲ မုံရွာတွင်ပြုလုပ်
1 / 15
Donate to DVB

စစ်ကိုင်းတိုင်း အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ ပထမအကြိမ် အသေးစား စက်မှုလက်မှု ထုတ်ကုန်နှင့် အနုထည်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲနဲ့ ဟောပြောပွဲကို မုံရွာမြို့မှာ မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။

ဒီဈေးရောင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနဲ့  လွှတ်တော်ကိုယ်စားလှယ်တွေ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ်နဲ့ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရိသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က "MSMEs လုပ်ငန်းတွေကို အားပေးခြင်းဖြင့် ဒေသတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်မယ်။ တဦးချင်းဝင်ငွေတိုးတက်စေမယ်။ လုပ်ငန်းသစ်တွေပေါ်လာပြီး နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက် လာစေမယ်။ အစိုးရကနေ MSMEs လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖို့နည်းပညာ၊ ငွေကြေး၊ ဈေးကွက်ရရှိအောင် လုပ်ပေးနေသလို စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကလည်း မိမိတို့ထုတ်လုပ်တဲ့ပစ္စည်း ဘေးထွက်ဆိုးကျိုးမရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အဆင့်အတန်းမြင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းပေးကြပါ။"လို့ အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။

မုံရွာမြို့မှာ ၃ ရက်ကြာကျင်းပနေတဲ့ ပထမအကြိမ် အသေးစား စက်မှုလက်မှု ထုတ်ကုန်နဲ့ အနုထည်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲကို စစ်ကိုင်းတိုင်းအတွင်းက အသေးစားစက်မှု၊ လက်မှု လုပ်ငန်းတွေတင်မက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေလည်း လာရောက်ပြသရောင်းချနေကြ ပါတယ်။

စုစုပေါင်း ဈေးဆိုင်အရောင်းပြခန်း ၇၈ ခန်းပါဝင်ကာ မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးဖြစ်တဲ့ ပန်းပဲ၊ ပန်းယွန်း၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းတိမ် စတဲ့ ပစ္စည်းတွေ၊ စားသောက်ကုန်၊ အလှကုန်နဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ဆေးဝါး၊ အဝတ်အထည်တွေကို ခင်းကျင်းပြသ ရောင်းချနေတာပါ။

တွင်းထွက် ပစ္စည်းလာရောက် ရောင်းချသူတဦးက "ဒီလိုပြပွဲတွေကနေ ကိုယ့်ပစ္စည်း ထုတ်ကုန်တွေကိုလည်း မိတ်ဆက်ခွင့်ရတယ်။ နောက်ပြီး လုပ်ငန်းတူတွေပါတဲ့အတွက် သူတို့ရဲ့ ဒီဇိုင်း၊ အပြင်အဆင်တွေကိုလည်း လေ့လာခွင့်ရတယ်။ စီးပွားဖက်အချင်းချင်း မိတ်ဆွေဖွဲ့ပြီး လုပ်ငန်းတွေလည်း တိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင် တယ်။ လုပ်ငန်းအခက်အခဲတွေ လည်း ဖြေရှင်းရာမှာ အထောက်အကူပြုပါတယ်။"လို့ ပြောပါတယ်။

အစိုးရအနေနဲ့ MSMEs လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှသာ တိုင်းပြည်တိုးတက်မယ်လို့ ယုံကြည်တဲ့အတွက် အဖက်ဖက်က လိုအပ်ချက်တွေကို ပူးပေါင်းဖြည့်ဆည်းပေးမှာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေဖက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ညွန်ကြားရေးမှုးချုပ်က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ MSMEs လုပ်ငန်းအမျိုးအစား ၁၃ ခုမှာ ဌာနဆိုင်ရာတွေမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပေါင်း ၁၈၆၇၇ ခုရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013