DVB Logo
Home
မြန်မာသတင်း
အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ၁ ဦးကိုသတ်၍ ဆိုင်ကယ်နှင့်ဖုန်းလုယက်မှုဖြစ်ပွား
DVB
·
May 29, 2019
အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ၁ ဦးကိုသတ်၍ ဆိုင်ကယ်နှင့်ဖုန်းလုယက်မှုဖြစ်ပွား
1 / 3
Donate to DVB

ပဲခူးတိုင်း​၊ ​တောင်​ငူမြို့နယ်​၊ ဇီးပင်​သာအမြန်​လမ်းရဲစခန်းအပိုင်​ မိုင်​တိုင်​အမှတ်​ ၁၅၂/၃ အနီးမှာရှိတဲ့ ရွာသစ်​ရဲကင်းမှာ တာဝန်ကျနေတဲ့ အမြန်​လမ်းရဲတပ်​သားတဦးကို သတ်​ပြီး ဆိုင်​ကယ်​နဲ့ဖုန်းကို လုယူသွားမှု ဒီကနေ့ ဖြစ်​ပွားခဲ့ပါတယ်​။

ရဲတပ်​သား  အောင်​စိုး​ဝေဟာ ဒီက​နေ့မနက်​ အ​စောပိုင်းက လည်​ပင်းပြတ်​ရှဒဏ်​ရာနဲ့​ သေဆုံး​နေပြီး ​သေဆုံးသူရဲ့ ဆိုင်​ကယ်​နဲ့ ဖုန်းပါ​ပျောက်​ဆုံး​နေတာလို့ နေပူကုန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးစိန်​မြင့်က ပြောပါတယ်။

“မနက် ​၆ နာရီခွဲ​လောက်​အိပ်​ရာကထ​တော့ စက်​မှုဇုန်​ဆိုက်​ထဲက အလုပ်​သမား​လေးက ရဲတ​ယောက်​​သေဆုံး​နေတယ်​ဆိုပြီး ဖုန်းဆက်​အ​ကြောင်းကြားတာ​ကြောင့် ဇီးပင်​သာရဲစခန်းနဲ့ ကျွန်းကုန်းရဲစခန်းကို လှမ်းအ​ကြောင်းကြားလိုက်​တာ”

ရဲတပ်​သား​အောင်​စိုး​ဝေဟာ ဓားနဲ့အခုတ်​ခံခဲ့ရတာ​ကြောင့် ဝဲဘက်​လည်​ပင်း ​လေးလက်မ ခန့်​ ပြတ်​ရှဒဏ်​ရာရရှိခဲ့ပြီး အခင်းဖြစ်​​နေရာမှာဘဲ ​သေဆုံးသွားခဲ့ပါတယ်​။

အခုလို အမြန်​လမ်းရဲတပ်​ဖွဲ့ဝင်​တ​ဦးကိုေ​သဆုံး​အောင်ဓားနဲ့ခုတ်​ပြီး ပစ္စည်းလုယူသွားတဲ့ အတွက်​ ဇီးပင်​သာအမြန်​လမ်းမကြီးရဲစခန်းက ရာဇသတ်​ကြီး ပုဒ်​မ-၃၀၂၊ ၃၉၄ တို့နဲ့ အမှုဖွင့်ထားပြီး တရားခံကိုအမြန်​ဆုံး ဖမ်းဆီးရမိ​ဖို့ ရဲတပ်ဖွဲ့က ကြိုးစားနေပါတယ်​။

သတင်း- သားကြီး(​တောင်​ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013