DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 29, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၈၂၄၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၇၇၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၆၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၂၆၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၁၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၈၄၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲတီစိမ်း

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၈၈၈၀၀ ကနေ ၁၁၉၂၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၀၅၀၀၀ ကနေ ၁၁၁၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၈၂၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကြက်သွန်ဖြူ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ (အောင်ပန်း၊ တောင်ကြီး) က တပိသာကို ၁၇၀၀ ကနေ ၂၈၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူတပိသာကို ၁၂၀၀ ကနေ ၂၄၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ၄၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကုလားပဲ (နိုင်းတူးနိုင်း)

မန္တလေး ကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) က ၅၆ ဒသမ ၂၅ ပိသာဝင် တအိတ်ကို ၈၀၀၀၀ ကနေ ၈၁၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) တအိတ်ကို ၈၁၆၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာ ၆၀၀ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းနက်စမုံ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိသာဝင် တအိတ်ကို ၂၅၅၀၀၀ ကနေ ၂၅၇၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံ တအိတ်ကို ၂၅၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၇၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013