DVB Logo
Home
မြန်မာသတင်း
ကျောင်းနှင့်တက္ကသိုလ်များအပါအ၀င် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ တိုးချဲ့သတ်မှတ်မည်
DVB
·
May 29, 2019
ကျောင်းနှင့်တက္ကသိုလ်များအပါအ၀င် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ တိုးချဲ့သတ်မှတ်မည်
Donate to DVB

ရန်ကုန်မြို့တွင်း မြို့နယ်တွေမှာ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် တိုးချဲ့သတ်မှတ်သွား မယ်လို့ ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၃၃ မြို့နယ်မှာ ဆေးလိပ်ငွေ့ကင်စင်ရေး ၄ နှစ် စီမံကိန်းကို ၂၀၁၆ ခုနှစ်ကတည်းက လုပ်ဆောင်နေတာပါ။

ဒါ့အပြင် ဆေးလိပ်ငွေ့ကင်းစင်ရေးမြို့နယ်အဖြစ် ပန်းဘဲတန်း၊ ဗိုလ်တထောင်နဲ့ ပုဇွန်တောင်စတဲ့ မြို့တွင်း မြို့နယ် ၆ မြို့ကို  အခုနှစ်မှာ ဆေးလိပ်ငွေ့ကင်းစင်မြို့နယ်အဖြစ် တိုးချဲ့ သတ်မှတ်သွားဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကျောက်တံတားမြို့နယ်ကို ဆေးလိပ်ငွေ့ကင်စင်နယ်မြေအဖြစ် သတ်မှတ်ထားပြီး အဲဒီစီမံကိန်းရလဒ်အောင်မြင်မှုရရှိနေပြီး ဇွန်လအတွင်းမှာလည်း အသေးစိတ်ပြန်လည်စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတဲ့ အဆုတ်ကင်ဆာဖြစ်ပွားတဲ့ လူနာအများစုက ဆေးလိပ်သောက်သုံးသူတွေသာမက ဆေးလိပ်ငွေ့ရှုရှိုက်သူတွေပါ ဖြစ်ပွားနေတာပါ။

အများပြည်သူတွေသွားလာနေတဲ့ နေရာတွေမှာ ဆေးလိပ်မသောက်အောင် တားဆီးဖို့နဲ့ ဆေးလိပ်ဆိုးကျိုးနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေကိုလုပ်ဆောင်ဖို့ သင်္ဃန်း ကျွန်းပြည်သူ့ဆေးရုံကြီး ရင်ခေါင်းဆေးကုဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာရဲထွန်းက တိုက်တွန်းထားပါတယ်။

ဒါအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်တွေ၊ ဆေးရုံဆေးခန်းတွေနဲ့ အများပြည်သူသွားလာနေတဲ့ နေရာတွေကိုလည်း ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ် သတ်မှတ်သွားမယ်လို့ပြောပါတယ်။

ကမ္ဘာမှာ ဆေးလိပ်သောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၈ သန်း သေဆုံးနေပြီး မြန်မာနိုင်ငံမှာတော့ တနှစ်ကို လူဦးရေ ၆၅၀၀၀ ကျော် သေဆုံးနေတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ၂၀၁၈ အချက်အလက်မှတ်တမ်းမှာ ဖော်ပြပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အသက် ၂၅ နှစ်ထက် အမျိုးသား ၆၀ ရာခိုင်နှုန်းက ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲနေကြပြီး အမျိုးသမီး ၂၅ ရာခိုင်နှုန်းက ဆေးလိပ်နဲ့ဆေးရွက်ကြီး သုံးစွဲနေ တယ်လို့ သိရတယ်။

မေလ ၃၁ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းနားကို မေလ ၂၉ ရက်က ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပါတယ်။

၂၀၁၉ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဆောင်ပုဒ်ကတော့ “ အဆုတ်ကျန်းမာအောင် ဆေးလိပ်နဲ့ ကွမ်းယာကို ရှောင်”လို့ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013