အာဆင်နယ်အသင်းက စပို့တင်းလစ္စဘွန်းကို အနိုင်ယူခဲ့ပြီးနောက် လာမဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကနေ အနည်းဆုံး ၅ သင်းအထိ ပါဝင်ခွင့်ရဖို့ သေချာသွားပါတယ်။
ဒါဟာ UEFA ရဲ့ စနစ်သစ်အရ ဥရောပပြိုင်ပွဲတွေမှာ ရလဒ်အကောင်းဆုံးပြနိုင်တဲ့ နိုင်ငံတွေကို အပိုတနေရာ (European Performance Spot) ပေးအပ်တဲ့ စည်းမျဉ်းကြောင့်ဖြစ်ပြီး အင်္ဂလန်ကတော့ အဆင့်သတ်မှတ်ချက်မှာ ၂၅ ဒသမ ၀၁၃ မှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေတာပါ။
လက်ရှိမှာ လီဗာပူးက အဆင့် ၅ နေရာမှာ ရှိနေတာကြောင့် ဒီသတင်းဟာ သူတို့အတွက် အခွင့်အရေးကောင်း ဖြစ်လာနိုင်ပါတယ်။
တကယ်လို့ လီဗာပူးက ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ရင် ဒါမှမဟုတ် အက်စတွန်ဗီလာနဲ့ ဖောရက်စ်တို့က ယူရိုပါလိဂ်ဖလား ရယူပြီး အဆင့် ၄ ပြင်ပမှာ ရောက်နေရင် ပရီးမီးယားလိဂ်ကနေ ၆ သင်းအထိတောင် ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။










