DVB Logo
Home
မြန်မာသတင်း
မန္တလေး၌ ခိုက်ရန်ဖြစ်နေသူများအားဖမ်းဆီးစဉ် ရဲ ၂ ဦးနှင့် အရန်မီးသတ် ၁ ဦး ဒဏ်ရာရ
DVB
·
May 29, 2019
မန္တလေး၌ ခိုက်ရန်ဖြစ်နေသူများအားဖမ်းဆီးစဉ် ရဲ ၂ ဦးနှင့် အရန်မီးသတ် ၁ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ ခိုက်ရန်ဖြစ်ပွားနေတဲ့ လူငယ်တွေကို သွားရောက် ဖမ်းဆီးထိန်းသိမ်းစဉ် ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရန်မီးသတ် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

မေလ ၂၇ ရက် ည ၁၀ နာရီခွဲလောက်က ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက် မနော်ဟရီလမ်းနေ ဖြိုးမောင်မောင် (ခ) ရဲလင်း (၁၉ နှစ်)နဲ့ ရဲမင်းနိုင် (၂၄ နှစ်) အပါအ၀င်   လူငယ်တစု ခိုက်ရန်ဖြစ်နေတဲ့သတင်းအရ အောင်ပင်လယ်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ် မိုးဝေ (၁၉ နှစ်)ပါ ပူးပေါင်းအဖွဲ့က သွားရောက်ထိန်းသိမ်းခဲ့တာပါ။

ခိုက်ရန်ဖြစ်ပွားနေတဲ့ လူငယ်တွေက ရဲတပ်ဖွဲ့ဝင်တွေကို သံတုတ်တွေနဲ့ ပြန်လည် ခုခံရိုက်နှက်ခဲ့တဲ့ အတွက် လုံးထွေးဖမ်းဆီးခဲ့ရပါတယ်။

ခိုက်ရန်ဖြစ်သူတွေက သံတုတ်တွေနဲ့ ရိုက်နှက်လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး နဲ့ အရန်မီးသတ်မိုးဝေ တို့ ဦးခေါင်းနဲ့ လက်မှာ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဖြိုးမောင်မောင် (ခ) ရဲလင်း အပါအ၀င် ၈ ဦးကို အောင်ပင်လယ်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၃၃၊ ၃၃၂၊ ၃၂၅၊ ၁၁၄ (တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းကို ပြင်းထန် နာကျင်စေမှု၊ အားပေးကူညီမှု) နဲ့  အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013