DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့  ပူလစ်ဇာဆု လက်ခံယူ
DVB
·
May 29, 2019
ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့  ပူလစ်ဇာဆု လက်ခံယူ
Donate to DVB

မကြာသေးခင်ကမှ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သူတို့ရရှိတဲ့ ပူလစ်ဇာဆုကို အမေရိကန်မှာ  သွားရောက် လက်ခံယူခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့က နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ဆုကို လက်ခံယူခဲ့တာ ဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်အဖွဲ့ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ရွာမှာ ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖော်ထုတ်ရေးသားခဲ့တဲ့အတွက် အမေရိကန် စာနယ်ဇင်းလောကမှာ သြဇာအကြီးဆုံးဆုဖြစ်တဲ့ ၂၀၀၉ခုနှစ်အတွက် ပူလစ်ဇာဆုကို ချီးမြှင့်ခံရ တာဖြစ်ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၅၀၀ ကျော် နေခဲ့ရပြီးနောက်အခုမေလ ၇ ရက်နေ့မှာ သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013