DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်၌ စကားပြန်တာဝန်ယူခဲ့သူ ဓားထိုးခံရပြီး သေဆုံး
DVB
·
May 28, 2019
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်၌ စကားပြန်တာဝန်ယူခဲ့သူ ဓားထိုးခံရပြီး သေဆုံး
1 / 4
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံခြားရေးဝန်ထမ်းတဦးဖြစ်တဲ့ မစ္စတာ အိုယမဆတိုရှိဟာ ဒီနေ့ မနက် တိုကျိုမြို့စွန် ကဝဆာခီမြို့နယ် နိုဘိုရီတိုးမြို့အနီး မူလတန်းကျောင်းသားတွေကို ဓားနဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ နောက်ကျောကို ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။

မစ္စတာ အိုယမဆတိုရှိဟာ ၂၀၁၃ ခုနှစ် ဧပြီလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်စဉ် စကားပြန်တာဝန်ယူ ခဲ့ပြီး မြန်မာနိုင်ငံက အစိုးရတာဝန်ရှိသူတွေကိုလည်း စကားပြန်အဖြစ် တာဝန် ယူခဲ့သူဖြစ်ပါတယ်။

သမီးနှစ်ယောက်ဖခင် မစ္စတာ အိုယမဆတိုရှိ ဟာ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှိ မြန်မာစကား ကျွမ်းကျင်သူ ၁၀ ဦးထဲမှာ  တဦး အပါအ၀င်ဖြစ်ပါတယ်။

သူဟာ ဂျပန်ရောက်မြန်မာနိုင်ငံသား အများအပြားနဲ့ သိကျွမ်းပြီး မြန်မာနိုင်ငံနဲ့ မြန်မာ့ ယဉ်ကျေးမှုကို အထူးကြိုက်နှစ်သက်သူဖြစ်လို့ ဂျပန်-မြန်မာ နှစ်နိုင်ငံစလုံးအတွက် ဝမ်းနည်းဖွယ်ရာ ကောင်းတဲ့ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်လို့ မစ္စတာ အိုယမ ဆတိုရှိရဲ့ မိတ်ဆွေ တိုကျိုမြို့နေ မဟေမာ က ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါအကြမ်းဖက်မှုမှာ ဘတ်စ်ကားစောင့်ဆိုင်းနေကြတဲ့  အသက် ၁၁ နှစ်ရွယ် မူလတန်း ၆ တန်းကျောင်းသူနဲ့ ကလေးတွေကို ကာကွယ်ပေးဖို့ကြိုးစားခဲ့တဲ့ မစ္စတာ အိုယမဆတိုရှိတို့ သေဆုံးခဲ့ရပြီး စုစုပေါင်း  ၁၉ ဦး ဓားထိုး ခံခဲ့ရတာ ဖြစ်ပါတယ်။

ကလေးငယ်တွေကို ဓားနဲ့အကြမ်းဖက်တိုက်ခိုက်ခဲ့သူလို့ သံသယရှိတဲ့ အသက် ၅၀ အရွယ် အမျိုးသားဟာလည်း အဖမ်းခံရချိန်မှာ နေရာမှာတင် သူ့လည်ပင်းကိုသူ ဓားနဲ့ ပြန်ထိုးခဲ့ပြီးနောက် ဆေးရုံမှာ သေဆုံးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013