DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် ရှေ့လဆန်း မုန်တိုင်းဖြစ်နိုင်
DVB
·
May 28, 2019
ဘင်္ဂလားပင်လယ်အော်တွင် ရှေ့လဆန်း မုန်တိုင်းဖြစ်နိုင်
Donate to DVB

ဇွန်လဆန်းပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်‌၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ် မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့  မိုးလေ၀သဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ပထမ (၁၀) ရက်ပတ်အတွက် မိုးလေ၀သ ခန့်မှန်းချက်မှာ အနောက်တောင်မုတ်သုံလေဟာ ဇွန်လ ၁ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ ဇွန်လ ၆ ရက်ကနေ ၁၀ ရက်အတွင်း မြန်မာတနိုင်ငံလုံးကို အသီးသီး ၀င်ရောက်နိုင်တယ်လို့လည်း ခန့်မှန်းဖော်ပြထားပါတယ်။

မိုးရွာသွန်းမှုနဲ့ ပတ်သက်လို့ ဖော်ပြရာမှာတော့  စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်တယ်လို့ ခန့်မှန်းပါတယ်။

တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ ပိုင်းနဲ့ တောင်ပိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဓာတ်ပုံ-DMZ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013