DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား
DVB
·
November 12, 2012
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား
Donate to DVB

အပစ်ရပ် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်အကြား ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် တပ်မှူးတဦးက ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း  ကျောက်မဲခရိုင်မှာ တာ့ဆန်ကျေးရွာအုပ်စု၊ မိုင်းကုန်းရွာနားမှာ တကြိမ်၊ နိုဝင်ဘာ ၄ ရက်နေ့ မိုင်းငေါ့မြို့နယ် ပန်လော့ရွာနားမှာတကြိမ်၊ နိုဝင်ဘာလ ၂ ရက်နေ့ မိုင်းငေါ့မြို့နယ် ကင်ကျိရွာနားမှာတကြိမ်နဲ့ အောက်တိုဘာ ၃၁ ရက်နေ့ မိုးမိတ်မြို့နယ် ကျောက်လုံးကြီးရွာ မြောက်ဘက်မှာ တကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေမှာ အစိုးရတပ်ဘက်က ခမရ ၅၀၃၊  ခလရ ၂၃  နဲ့ ရှမ်းတပ် တပ်ရင်း ၆၁၂ တို့ကြား ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုနောက်ပိုင်း အစိုးရတပ်မှာ အောင်လံ အခြေစိုက်နဲ့ မန္တလေးဘက်က တပ်ရင်းတပ်ဖွဲ့တွေ  နောက်ထပ်အင်အား ဖြည့်တင်းလာတယ်လို့ တပ်မှူးက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့ဟာ မနှစ်က အစိုးရတပ်နဲ့ ၇ လကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနှစ်ဆန်းပိုင်းမှာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့တာပါ။ြ

ပည်ထောင်စုအဆင့် ဆွေးနွေးပွဲ နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပေမယ့်လည်း အောက်ခြေက နှစ်ဘက်တပ်ကြား တိုက်ပွဲတွေ အကြိမ် ၄၀ လောက် ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013