DVB Logo
Home
မြန်မာသတင်း
ဖူးကက်တွင် တုတ်ဓားကိုင်ပြီး အုပ်စုဖွဲ့ရန်ဖြစ်သည့် မြန်မာလူငယ် ၁၀၀ ခန့်ကို ထိုင်းရဲဖြိုခွင်း
DVB
·
May 28, 2019
ဖူးကက်တွင် တုတ်ဓားကိုင်ပြီး အုပ်စုဖွဲ့ရန်ဖြစ်သည့် မြန်မာလူငယ် ၁၀၀ ခန့်ကို ထိုင်းရဲဖြိုခွင်း
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်၊ ပါတောင်ကမ်းခြေမှာ တုတ်ဓားကိုင်ပြီး အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်တဲ့ မြန်မာလူငယ် ၁၀၀ နီးပါးကို ထိုင်းရဲတပ်ဖွဲ့က လူစုခွဲဖြိုခွင်းခဲ့ရတယ်လို့ မတီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မေလ ၂၆ နဲ့ ၂၇ ရက်အကြား ညဥ့်သန်းခေါင်ကျော်အချိန်လောက်မှာ ဖူးကတ်မြို့နယ် ပါတောင်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့နဲ့  ရဲတပ်ဖွဲ့တွေ နယ်မြေလုံခြုံရေးစောင့်ကြပ်နေစဉ် လိုမာမြူနီစီပယ်ပန်းခြံနဲ့ ဘောလုံးကွင်းတ၀ိုက်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေဟာ လက်ထဲမှာလည်း ဓားတို၊ ဓားရှည် တုတ်တွေကိုင်ဆောင်ထားတာကြောင့်  တာဝန်ရှိ သူတွေက ၀င်ရောက်ဖမ်းဆီးရာမှာ တချို့ကို ဖမ်းမိပြီး တချို့မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဖောင်ဒေးရှင်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကို မေးမြန်းချက်အရ သူတို့တွေဟာ မြန်မာတွေဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတောင်ဖွံ့ဖြိုးရေးအဖွဲ့က “ဒါဟာ ထိုင်းနိုင်ငံတဲ့လား ဒီလိုအတင့်ရဲပြီး အုပ်စုဖွဲ့သောင်းကျန်းနေတာကို မြို့နယ်အာဏာပိုင်တွေ၊ နိုင်ငံအုပ်ချုပ်သူတွေ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင်  တနေ့ကျရင် ထိုင်းဟာ သူတို့ရဲ့ ကျွန်ဘ၀ရောက်သွားမယ်” လို့ သူတို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

အဆိုပါသတင်းအောက်မှာလည်း ထိုင်းလူမျိုးတွေရဲ့ လုံခြုံရေးကို ထိလာနိုင်တဲ့ မြန်မာတွေ ဆိုပြီး ပြစ်တင်ဝေဖန်နေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖူးကက် စူပါချိပ်ကုန်တိုက်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတဦးက တော့ အဲဒီကမ်းခြေနေရာမှာ နိုင်ငံခြားသားတွေ လာရောက်အပန်းဖြေတဲ့ စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေရှိပြီး မြန်မာတွေများစွာ ၀င်ရောက်လုပ်ကိုင်နေကြောင်း အုပ်စုဖွဲ့ရန်ဖြစ်တဲ့ကိစ္စ သူတို့နဲ့ အတန်ငယ်အလှမ်းဝေးလို့ မသိရဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။

ကိုးကား - မတီချွန်းထိုင်းသတင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013