DVB Logo
Home
မြန်မာသတင်း
တောင်ငူခရိုင် ဥပဒေအရာရှိနှင့် ဆွာမြို့ရဲစခန်းမှူးတို့ကို အဂတိလိုက်စားမှုဖြင့် အရေးယူ
DVB
·
May 28, 2019
တောင်ငူခရိုင် ဥပဒေအရာရှိနှင့် ဆွာမြို့ရဲစခန်းမှူးတို့ကို အဂတိလိုက်စားမှုဖြင့် အရေးယူ
1 / 2
Donate to DVB

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်က ဥပဒေအရာရှိ တဦးနဲ့  ဆွာနယ်မြေရဲစခန်းမှူး တဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့  အမှုဖွင့်အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ အေးသာယာရွာနေ မောင်ပိုင်(ခ)ရဲထက်ပိုင်နဲ့ မတိုးတိုးဝေတို့ ချစ်ကြိုက်ကြပြီး ခိုးရာလိုက်ခဲ့ရာ ရပ်ရွာဓလေ့အရ လက်ထပ်စာချုပ် ချုပ်ဆိုခဲ့တဲ့အပေါ် မတိုးတိုးဝေ ရဲ့ဖခင်က မကျေနပ်တာလို့ ဆွာမြို့ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ရဲစခန်းက မောင်ပိုင်ရဲ့ အဖိုးအပါအ၀င် ၂ ဦးကို အချုပ်ထဲထည့်ကာ ငွေကျပ်သိန်း ၃၀ ပေးပါက လွှတ်ပေးမယ်လို့ ပြောဆိုတာကြောင့် ငွေပေးခဲ့ရတဲ့အတွက် အရေးယူပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့တဲ့အမှုကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီး အရေးယူလိုက်တာပါ။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ ၂၀၁၈ မေ ၂၅  ရက်က မောင်ပိုင်(ခ)ရဲထက်ပိုင်နဲ့ သူ့ရဲ့အဖိုးအပါအ၀င်ကို ၃ဦးတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃/၁၁၄နဲ့ ဆွာရဲစခန်းမှာဖွင့်လှစ်ခဲ့တဲ့ အမှုနဲ့ ပတ်သက်လို့  တောင်ငူခရိုင် ဥပဒေအရာရှိ ဦးမောင်မောင်အေးဟာ တရားခံတဦးကို ငွေကျပ် ၁၀သိန်းနှုန်းနဲ့ ၃ ဦးအတွက် ငွေကျပ် သိန်း၃၀ ကို ရှေ့နေက တဆင့် တောင်းခံရယူခဲ့ပြီး တရားခံ ၃ ဦးကို ပြန်လွှတ်ဖို့နဲ့  မောင်ပိုင်(ခ) ရဲထက်ပိုင် တဦးတည်းကိုသာ တရားစွဲဆိုဖို့ ဥပဒေ ထင်မြင်ချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆွာနယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းအောင်ဟာလည်း ရဲစခန်းပိုင်း အနေနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်ဆိုကာ တရားခံရဲ့ သမီးကပေးအပ်တဲ့ ငွေကျပ် ၃ သိန်းကို အထက်တန်းရှေ့နေကတဆင့် တောင်းခံရယူခဲ့သလို  အထက်တန်းရှေ့နေက စီစဉ်ပေးတဲ့ ဘီယာဆိုင်နဲ့ ကေတီဗွီဆိုင်တွေမှာ ဝန်ဆောင်မှု ရယူခဲ့တယ်လို့ ကော်မရှင်က ဆိုပါတယ်။

ဒါကြောင့် တံစိုးလက်ဆောင်ရယူပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တောင်ငူခရိုင် ဥပဒေအရာရှိ ဦးမောင်မောင်အေးနဲ့ ဆွာနယ်မြေရဲစခန်းမှူး ရဲအုပ်နေလင်းအောင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရေတာရှည် ရဲစခန်းမှာ မေလ ၂၇ ရက်က ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ခဲ့ပြီး တရားစွဲဆို အရေးယူဖို့လုပ်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013