DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ်တွင် ဆန်တန်ချိန် ၇၀၀၀၀ ကျော် သောင်တင်နေ
DVB
·
May 28, 2019
တရုတ်-မြန်မာနယ်စပ်တွင် ဆန်တန်ချိန် ၇၀၀၀၀ ကျော် သောင်တင်နေ
Donate to DVB

မြန်မာနိုင်ငံဘက်က တင်ပို့တဲ့ဆန်တွေကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာကြောင့် မူဆယ်ပါအ၀င် နယ်စပ်ကုန်သွယ်ရေးမြို့တွေမှာ ဆန်တန်ချိန်  ၇၀၀၀၀ ကျော် သောင်တင်နေပါတယ်။

မြန်မာနိုင်ငံဘက်က တင်ပို့တဲ့ဆန်တွေကို  တရုတ်ဘက်က ဇန်န၀ါရီလပိုင်းကစတင်ပြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့ ချင်းရွှေဟော်မြို့နဲ့ မူဆယ်မြို့မှာ ဆန်တန်ချိန် ၇၀၀၀၀ ကျော် သောင်တင်နေတယ်လို့ ကွမ်လုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း တာဝန်ရှိသူကပြောပါတယ်။

မြန်မာဆန်တွေကို တရုတ်ဘက်ကို တရားမ၀င်လမ်းကြောင်းကနေ တင်ပို့နေရတာဖြစ်ပြီး အဲ့ဒီတရားမ၀င်လမ်းကြောင်းတွေကို တရုတ်ဘက်ကပိတ်လိုက်တာကြောင့် မြန်မာဆန်တွေ နယ်စပ် ဂိုဒေါင်တွေမှာ သောင်တင်နေတာပါ။

နယ်စပ်ဂိုဒေါင်တွေမှာ သောင်တင်နေတဲ့ ဆန်တွေကို တရုတ်ဘက်က တရားဝင်ဝယ်ဖို့ မြန်မာကုန်သည်တွေက တရုတ်နိုင်ငံအစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တာရှိပါတယ်။

တရုတ်အစိုးရဘက်က မြန်မာဆန် တန်ချိန် ၃၀၀၀၀ကို တရားဝင်ဝယ်ယူဖို့ ပြီးခဲ့တဲ့ဧပြီလမှာ တရုတ်ကမ္ပဏီတခုကို ခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီခွင့်ပြုချက်အရ နယ်စပ်က ဆန်တွေကို တရုတ်ကို တင်ပို့ဖို့ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက် နေတာကြောင့် ကြန့်ကြာနေရတယ်လို့လည်း ဆိုပါတယ်။

နယ်စပ်မှာ ဆန်တွေ သောင်တင်နေတာကြောင့် မြန်မာကုန်သည်တွေ အရှုံးပေါ်နေကြပါတယ်။ ဒါ့ကြောင့် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ နယ်စပ်ကုန်သည်တွေက လိုလားနေကြပါတယ်။

တရုတ်နိုင်ငံကို ဆန်တင်ပို့မှုရပ်တန့်သွားတာကြောင့် ပြည်တွင်းမှာ စပါးဈေးကျနေတယ်လို့ ဆန်စပါးကုန်သည်တွေကပြောပါတယ်။ အခြေခံစပါးဈေး တင်းတရာကို ကျပ် ၅ သိန်း သတ်မှတ်ထားပေမယ့် အရည်သွေး သတ်မှတ်ချက်အရ ကျပ် ၅သိန်း အောက်ရောက်နေလို့ လယ်သမားတွေလည်း အရှုံးပေါ်နေပါတယ်။

တရုတ်ဘက်ကို မြန်မာဆန်တွေတင်ပို့မရဖြစ်နေတဲ့ ပြဿနာနဲ့ စပါးဈေးကျနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ မနေ့က ရန်ကုန်မြို့ရှိ  ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့တရုတ်နိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံက ဆန်တန်ချိန် ၁သိန်းကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ဆက်ပေးဖို့နဲ့  မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းတွေနဲ့ မွေးမြူရေးထွက်ကုန်တွေကို ပိုမိုဝယ်ယူနိုင်ဖို့ မြန်မာ-တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013