DVB Logo
Home
မြန်မာသတင်း
ဘာသာပေါင်းစုံ စတုဒိသာအလှူပွဲနှင့် နှင်းဆီဖြူလှုပ်ရှားမှု မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်
DVB
·
May 28, 2019
ဘာသာပေါင်းစုံ စတုဒိသာအလှူပွဲနှင့် နှင်းဆီဖြူလှုပ်ရှားမှု မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်
1 / 5
Donate to DVB

ဘာသာပေါင်းစုံ စတုဒိသာအလှူပွဲနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်းဝါဖြေပွဲကို မေလ ၂၇ရက် ညနေက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲကို ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန်စတဲ့ ဘာသာပေါင်းစုံက အကြီးအကဲတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ငြိမ်းချမ်းရေးလိုလားသူများက နှင်းဆီပန်းဖြူတွေ ပေးအပ်ခဲ့ကြပါတယ်။

ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် ဦးစီးမှူးနာယက ဒေါက်တာမြင့်သိန်းက “ အရင်တုန်းက ဥပုသ်လဆိုရင် ရပ်ကွက်တွေထဲမှာ အလှူအတန်းတွေလုပ်ခဲ့တာ မသိခဲ့ကြပေမယ့် ခုလို နှင်းဆီဖြူကမ်းတာနဲ့ အစားအစာတွေလှူတာဟာ ဒုတိယအကြိမ် ပြုလုပ်တာ” လို့ပြောပါတယ်။

တောင်ဒဂုံမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုဆောင်ကို တားဆီးပိတ်ပင်ခံရတာနဲ့ပတ်သတ်လို့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေက ဒီနှင်းဆီဖြူလှုပ်ရှားကို စတင်လုပ်ဆောင်ခဲ့တာပါ။

သတင်း- ခိုင်ဝါဝါကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013