DVB Logo
Home
မြန်မာသတင်း
မုံရွာ ကမ္ဘောဇဘဏ်ခွဲတွင် ငွေစုစာအုပ်ထဲက ကျပ် သိန်း ၅၀၀ ပျောက်ဆုံးမှု အမှုဖွင့်တိုင်ကြား
DVB
·
May 27, 2019
မုံရွာ ကမ္ဘောဇဘဏ်ခွဲတွင် ငွေစုစာအုပ်ထဲက ကျပ် သိန်း ၅၀၀ ပျောက်ဆုံးမှု အမှုဖွင့်တိုင်ကြား
1 / 3
Donate to DVB

မုံရွာ ကမ္ဘောဇဘဏ်ခွဲမှာ  ငွေစုဘဏ် စာအုပ်ထဲက ကျပ် သိန်း ၅၀၀ ပျောက်ဆုံးမှု ဖြေရှင်းပေးဖို့  ဆုံးရှုံးနစ်နာသူတဦးက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၁၈ ခုနှစ်အထိ စက်တင်ဘာလအထိ ၅ ကြိမ်ခွဲကာ Saving အကောင့်ဖွင့်ပြီးအပ်နှံထားတဲ့ ငွေကျပ်သိန်း ၈၉၀ ထဲက သိန်း ၅၀၀ ပျောက်ဆုံးသွားခဲ့တာလို့  ငွေကြေးနစ်နာသူ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာနေ ဦးကိုဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတော့ ငွေသွင်းငွေထုတ် ထပ်မံပြုလုပ်ဖို့ ဘဏ်ကို သွားရာမှာ ဘဏ်အပ်ငွေထဲက သိန်း ၄၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း အဲဒီကတည်းကနေ သူတို့ကိုယ်တိုင် ငွေထုတ်တာမရှိတဲ့အတွက် ဖြေရှင်းပေးဖို့ ဘဏ်ကို တောင်းဆိုခဲ့ရာမှာ ၁ လကျော်ကြာတဲ့အထိ ပြန်လည်ဖြေရှင်းပေးတာမရှိလို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး မေလ ၂၇ ရက်နေ့မှာတော့ မုံရွာမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ငွေကြေးနစ်နာသူ ဦးကိုဦးက  “ကျနော့်မိသားစုက တောင်သူလုပ်တယ်။ ကားလိုင်းဆွဲတယ်။ ရှိတဲ့ငွေလေးကို တိုးပွားအောင်ဆိုပြီး လုံခြုံစိတ်ချရအောင် ဘဏ်မှာ အပ်ထားတာ။ ဘဏ်စာအုပ်ကလွဲရင် ATM ကတ်လည်း မလုပ်ထားဘူး။ အပ်ပြီးကတည်းက တခါမှ ထုတ်တာလည်း မလုပ်ခဲ့ဖူးဘူး။ ဒါကို ငွေသိန်း ၅၀၀ က ပျောက်နေတယ်။ အခုထိလည်း သူတို့ဘက်က ဖြေရှင်းပေးတာ ဘာမှမရှိသေးဘူး။ သူတို့ပြောတာကတော့ မန္တလေး ၄၂ လမ်းဘဏ်ခွဲကနေ ယာဉ်မောင်းလိုင်စင်နဲ့ ထုတ်သွားတယ်လို့ပြောတယ်။ ဒါဆို ထုတ်တဲ့ ယာဉ်မောင်းလိုင်စင်ပြပါဆိုတော့လည်း မပြနိုင်ဘူး။ မုံရွာ မြို့မ ရဲစခန်းမှာလည်း ဘဏ်မန်နေဂျာ ဒေါ်ကြူကြူလွင်ကို ယုံကြည်အပ်နှံငွေအလွဲသုံးစားမှုနဲ့ မေလ ၂၀ ရက်ကတည်းက အမှုဖွင့်ထားတယ်။ အခုထိ ထူးခြားမှု မရှိသေးပါဘူး” လို့ေ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာကမ္ဘောဇဘဏ်ခွဲ (၁)မန်နေဂျာ ဒေါ်ကြူကြူလွင်ကို သွားရောက်မေးမြန်းရာမှာတော့ ရုံးချုပ်ကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်ဆိုတာကိုပဲ ရုံးချုပ်က ပြောဆိုခွင့်ပေးထားပြီး ကျန်တာတော့ ပြောပိုင်ခွင့်မရှိပါဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒီကိစ္စကို မုံရွာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၀၆ အရ အမှုဖွင့်ထားပြီး ရဲအုပ် အောင်ကျော်လွင်က အမှုစစ်အဖြစ်ဆောင်ရွက်နေကာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စခန်းမှုး ဒုရဲမှုး ဝင်းနိုင်က ပြောပါတယ်။

မုံရွာမြို့မှာတော့ အခုလို ဘဏ်အပ်ငွေ ပျောက်ဆုံးလို့ တိုင်တန်းမှုဖြစ်တာကတော့ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013