DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေဆုံး
DVB
·
May 27, 2019
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေဆုံး
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၈/၅ မှာ ဒီနေ့ နေ့လယ်ပိုင်းက လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ်နဲ့ အိမ်စီးကားတိုက်မိရာ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ ပေပင်လေးအမြန်လမ်းရဲစခန်းက ပြောပါတယ်။

ဦးကျော်သိန်း စီးလာတဲ့ ဆိုင်ကယ်က အမြန်လမ်းမကြီးကို ဖြတ်ကူးချိန် နေပြည်တော်ကနေ မန္တလေးဘက်ကို မချောစုလွင် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး အခင်းဖြစ်နေရာမှာပဲ ဆိုင်ကယ်စီးလာသူ ဦးကျော်သိန်း သေဆုံးခဲ့ပြီး ကားပေါ်ပါ ၄ ဦးအနက် အမျိုးသမီးတဦးနဲ့ အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပေပင်လေးအမြန်လမ်းရဲစခန်း စခန်းမှူးက “ဆိုင်ကယ်စီးလာသူကတော့ အခင်းဖြစ် နေရာတင် သေဆုံးသွားတယ်။ အမြန်လမ်းပေါ် ဆိုင်ကယ်စီးခွင့်မရှိပါဘူး။ ကားငယ်ပေါ်က ဒဏ်ရာရသူတွေက မစိုးရိမ်ရပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆိုင်ကယ်စီးပြီး လမ်းဖြတ်ကူးသူ ဦးကျော်သိန်းကို ပေပင်လေးအမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-192 အလည်ရွာ ပရဟိတအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013