DVB Logo
Home
မြန်မာသတင်း
ချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်က မြန်မာသံဃာနှင့် လူပုဂ္ဂိုလ် ၁၀၀ ကျော်ကို ပါရဂူဘွဲ့နှင့် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်
DVB
·
May 27, 2019
ချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်က မြန်မာသံဃာနှင့် လူပုဂ္ဂိုလ် ၁၀၀ ကျော်ကို ပါရဂူဘွဲ့နှင့် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်
1 / 3
Donate to DVB

ထိုင်းနိုင်ငံ၊ အယုဒယ္ဓခရိုင် ၀မ်းနွဲ့မြို့ရှိ မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်ရဲ့ ၆၄ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို  မေလ ၂၆ ရက်က ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံက သံဃာတော်နဲ့ လူပုဂ္ဂိုလ်တချို့ ပါရဂူဘွဲ့၊ မဟာဝိဇ္ဇာ၊ ရိုးရိုးဝိဇ္ဇာဘွဲ့နဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်ခံခဲ့ရပါတယ်။

ယမန်နေ့က ဘွဲ့နှင်းသဘင်မှာ ထိုင်းနိုင်ငံက သံဃာတွေအပြင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဘူတန်၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံတကာက သံဃာတွေပါ စုစုပေါင်း ၄၀၀၀ ကျော် ဘွဲ့လက်မှတ်ရယူခဲ့ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက ရဟန်းရှင်လူတွေလည်း ၁၀၀ ကျော်ပါ ၀င်တယ်လို့ ဘန်ကောက်ရှိ ရှမ်းစာသင်သံဃာများအဖွဲ့ ဥက္ကဋ္ဌ အရှင်ဣဿရိယက ဒီဗွီဘီကို မိန့်ပါတယ်။

“နိုင်ငံတကာက သံဃာတွေရော မြန်မာပြည်က သံဃာတွေပါဘွဲ့ရကြပါတယ်။ မြန်မာပြည်ကဆို၁၀၀ကျော်လောက်ရှိမယ်။  မြန်မာ၊ ရှမ်း၊ မွန်၊ ကရင်၊ ပအိုဝ်း၊ ပလောင် စတဲ့ တိုင်းရင်းသားသံဃာတွေပါတယ်။ တခြားလူမျိုးတွေရဲ့အမည်နဲ့ အရေအတွက်တော့ ဦးဇင်း မသိဘူး။ ရှမ်းတိုင်းရင်းသားထဲမှာတော့ ပါရဂူဒေါက်တာဘွဲ့၊ အမ်အေ (မဟာဝိဇ္ဇာဘွဲ့) နဲ့  ဘီအေ (၀ိဇ္ဇာ) ဘွဲ့ရတာ စုစုပေါင်း ၄၄ ဦးပေါ့။ အဲဒီထဲမှာ သံဃာ ၃၉ ပါးနဲ့ လူပုဂ္ဂိုလ် ၄ ဦးပါတယ်။ နောက်ပြီး ဂုဏ်ထူးဆောင်ဆုရတဲ့ ဒကာမကြီး ၂ ဦးရှိပါတယ်။”

ရှမ်းတိုင်းရင်းသားထဲက ပါရဂူဘွဲ့ရ ဆရာတော်တွေမှာ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် နားပွဲကျေးရွာဇာတိ အရှင် နော်လှိုင်း တေဇဥာဏနဲ့   ယူနန်ပြည်နယ် ရွှေလီမြို့က ဒေါက်တာစ၀်တင်းတိုင်း ခေါ် အရှင်ဝိသုတိဥာဏ တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရ ဒကာမကြီး ၂ ဦးမှာ လားရှိုးမြို့က ဒေါ်နန်းရွှေမှုံ (ယခင်ဒု သမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းရဲ့ဇနီး)က စိတ်ပညာဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နဲ့ ဒေါ်နန်းမောက်လောဝ်ဆိုင်က သာသနာတော်ပြန့်ပွားရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။

မဟာချူလာလောင်ကွန်တက္ကသိုလ်က ဘာသာရေးဘွဲ့တံဆိပ်ရရှိသူ ရဟန်းရှင်လူတွေကို ဘန်ကောက်ရောက် ရှမ်းသံဃာတ်ေများအဖွဲ့နဲ့ ရှမ်းအသိုင်းအ၀ိုင်းက အဆိုပါတက္ကသိုလ်ဝင်း ထဲမှာဘဲ အခမ်းအနားနဲ့ ဂုဏ်ပြုပွဲ မနေ့ညနေပိုင်းက ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013